International News: အီတလီနိုင်ငံ အလယ်ပိုင်းမှာ အင်အားပြင်း ငလျင်နှစ်ခု ဆက်တိုက်လှုပ်ခတ်

ငလျင်ကြောင့် အဆောက်အအုံ ပျက်စီးမှုများ ရှိခဲ့ပြီး ဒေသခံများ လမ်းမပေါ်ကို ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြပါတယ်။

play


အီတလီနိုင်ငံ အလယ်ပိုင်းမှာ အင်အားပြင်းထန်တဲ့ မြေငလျင်နှစ်ခု ဆက်တိုက် လှုပ်ခတ်သွားခဲ့ကြောင်း သိရပါတယ်။

play


အောက်တိုဘာ ၂၆ ရက် ဒေသစံတော်ချိန် ညပိုင်းက ပြင်းအားအဆင့် ၅.၅ ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် ၂ နာရီအကြာမှာ ပြင်းအားအဆင့် ၆.၁ ရှိ နောက်ထပ် ငလျင်တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

play


အီတလီတောင်ပိုင်းမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်က အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၂၉၈ ဦး သေဆုံးခဲ့ပြီး နှစ်လအကြာမှာ အလယ်ပိုင်းဒေသမှာ ငလျင်လှုပ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

play


ငလျင်ကြောင့် အဆောက်အအုံ ပျက်စီးမှုများ ရှိခဲ့ပြီး ဒေသခံများ လမ်းမပေါ်ကို ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြပါတယ်။

play


နောက်ဆုံး သိရတဲ့ သတင်းတွေအရ ငလျင်ကြောင့် သေဆုံးသူမရှိခဲ့ဘဲ တစ်ဦးသာ အနည်းငယ် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

play


ငလျင်နှစ်ခုဟာ ယမန်နေ့ည ဒေသစံတော်ချိန် ၇ နာရီ ၂၀ ဝန်းကျင်က အီတလီနိုင်ငံ ဗစ်ဆိုဒေသမှာ ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း U.S. Geological Survey ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။

play


Source & Photo: AP, USGS, BC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ