play


ဗင်နီဇွဲလားနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီး လူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ ဆန္ဒပြသူ ၃၉ ဦး ဖမ်းဆီးထိန်းသိမ်းခံရကြောင်း လူ့အခွင့်အရေးအုပ်စုက ပြောပါတယ်။

play


ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံများအရ ဒဏ်ရာရနေသူတွေ မြေပြင်မှာလဲကျနေတာ တွေ့ရပါတယ်။ အနည်းဆုံး ဆန္ဒပြသူသုံးဦး ပစ်ခတ်ခံခဲ့ရကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့ပါတယ်။

play


သမ္မတ နီကိုလက်စ် မတ်ဒူရို အစိုးရကို ဗင်နီဇွဲလားပြည်သူ သောင်းနဲ့ချီပြီး ဗုဒ္ဓဟူးနေ့က လမ်းမများပေါ်စုရုံးကာ ချီတက်ဆန္ဒပြခဲ့ပါတယ်။

play


မတ်ဒူရိုကို သမ္မတအဖြစ်မှ ဖယ်ရှားနိုင်မယ့် လူထုဆန္ဒခံယူပွဲ ပြန်လည်ကျင်းပရန် စီစဉ်နေမှုကို ဆိုင်းငံ့လိုက်ပြီးနောက် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့တာလည်း ဖြစ်ပါတယ်။

play


လူထုဆန္ဒခံယူပွဲ ပြန်လည် ကျင်းပပေးရန် အစိုးရအတိုက်အခံ တက်ကြွလှုပ်ရှားသူများက လက်မှတ်ပေါင်း ၂၀၀,၀၀၀ စုပေါင်းရေးထိုး တောင်းဆိုခဲ့ပေမဲ့ လူထုဆန္ဒခံယူပွဲ ပြန်လည်ကျင်းပရန် အစီအစဉ်ကို ပြီးခဲ့တဲ့ သီတင်းပတ်က ဆိုင်းငံ့ခဲ့တာ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေက လက်မှတ်များစုစည်းမှုဟာ လိမ်လည်ဆောင်ရွက်မှုတွေ ရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
Source & Photo: Reuters,

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video