play


အာဖဂန်နစ္စတန်နိုင်ငံရှိ အိန္ဒိယကောင်စစ်ဝန်ရုံးကို အကြမ်းဖက်တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့သူ အမျိုးသားနှစ်ဦးကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

ဂျလာလာဘတ်မြို့ရှိ အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်ရန် ပြင်ဆင်နေသူနှစ်ဦးကို ဗုံးပြုလုပ်တဲ့ ပစ္စည်များနဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း အာဖဂန်လုံခြုံရေးဆိုင်ရာ အကြီးအကဲက အောက်တိုဘာ ၂၆ ရက်မှာ ပြောကြားပါတယ်။

အိန္ဒိယနဲ့ပါကစ္စတန်ကြား ကက်ရှ်မီးယားအရေး ဆက်ဆံရေးတင်းမာနေချိန်နဲ့ လူ ၆၀ သေဆုံးခဲ့တဲ့ ပါကစ္စတန်နိုင်ငံ ကွတ်ခ်တာမြို့ရှိ ရဲတပ်ဖွဲ့သင်တန်းကျောင်း စီးနင်းတိုက်ခိုက်ခံရမှု ဖြစ်ရပ်ပြီးနောက် ယခု ဖမ်းဆီးရမိမှု ရှိလာခဲ့တာ ဖြစ်ပါတယ်။

ပါကစ္စတန်နယ်စပ်ဒေသ အရှေ့ပိုင်းမှာ တည်ရှိတဲ့ အိန္ဒိယကောင်စစ်ဝန်ရုံးဟာ ယခင်ကလည်း တိုက်ခိုက်ခံခဲ့ရဖူးကြောင်း သိရပါတယ်။
Source & Photo: Reuters, Google

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video