International News: ကမ္ဘောဒီးယားမှာ ရွေးကောက်ပွဲမတိုင်မီ အစိုးရဝန်ထမ်းများ လစာတိုး

လာမယ့်နှစ်မှာ တိုးမြှင့်သွားမယ့် လစာနှုန်းထားများအရ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ လစာမှာ သုံးဆတိုးမြင့်လာမှာ ဖြစ်ပါတယ်။

play
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်


ကမ္ဘောဒီးယားနိုင်ငံမှာ အစိုးရဝန်ထမ်း လစားများ တိုးမြှင့်သွားမယ်လို့ ဆိုပါတယ်။ လာမယ့်နှစ်မှာ တိုးမြှင့်သွားမယ့် လစာနှုန်းထားများအရ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ လစာမှာ သုံးဆတိုးမြင့်လာမှာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ လစာမှာ အမေရိကန်ဒေါ်လာ ၉၀၀ မှ ၂,၅၀၀ သို့ တိုးမြင့်သွားမှာဖြစ်ပြီး အစိုးရဝန်ကြီးတွေရဲ့ လစာမှာ ၁,၁၁၅ ဒေါ်လာ ဖြစ်လာမယ်လို့ ဆိုပါတယ်။

play


လစာတိုးမြှင့်နိုင်မှုဟာ အစိုးရအနေနဲ့ အခွန်ငွေများ ပိုမိုထိရောက်စွာ ကောက်ခံခဲ့မှုရလဒ်ကြောင့်ဖြစ်ပြီး လစာနည်းတဲ့ အစိုးရဝန်ထမ်းတွေအပေါ်လည်း အခွန်လွတ်ငြိမ်းခွင့်ပြုလာနိုင်ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန်က ဆိုပါတယ်။ ကမ္ဘောဒီးယားအစိုးရရဲ့ လစာတိုးမြှင့်မှု အစီအစဉ်ဟာ လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရရှိရေး မဲဆွယ်စည်းရုံးမှု ဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ယခုလ အစောပိုင်းမှာ ကမ္ဘောဒီးယားအာဏာရပါတီက လစာဝင်ငွေ အမေရိကန်ဒေါ်လာ ၂၅၀ အောက် လျော့နည်းတဲ့ ဝန်ထမ်းတွေကို အခွန်လွတ်ငြိမ်းခွင့် ပြုမယ်လို့ ကြေညာခဲ့ပါတယ်။

အာဏာရပါတီရဲ့ အခွန်ကင်းလွတ်ခွင့် အစီအစဉ်အရ ကမ္ဘောဒီးယား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဆရာ ဆရာမများ အကျုံးဝင်မှာဖြစ်ပြီး အဆိုပါ ဝန်ထမ်းအင်အားစုဟာ များပြားတဲ့ မဲဆန္ဒရှင်အုပ်စုလည်း ဖြစ်ပါတယ်။ ကမ္ဘောဒီးယား အထွေထွေရွေးကောက်ပွဲတွေကို ၂၀၁၈ ခုနှစ်မှာ ကျင်းပရန် လျာထားကြောင်း သိရပါတယ်။
Source & Photo: AFP, Khmer Times

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ