International News: ဧည့်ကြိုအလုပ် တစ်နေရာအတွက် လူတစ်သောင်းနီးပါး လျှောက်ထား

အချို့အလုပ်အကိုင် နေရာတွေရဲ့ ပညာရေးလိုအပ်ချက်နဲ့ အတွေ့အကြုံဟာ လူအများစုအတွက် အဆင်ပြေနိုင်တာကြောင့်လည်း စိတ်ဝင်စားမှု ပိုမိုများပြားလေ့ရှိပါတယ်။

play


ဧည့်သည်တွေကို လက်ခံကြိုဆိုရခြင်းနဲ့ လက်ဖက်ရည်ဖြင့် ဧည့်ခံရတဲ့ အလုပ်ဟာာ လူတိုင်း အိပ်မက်မက်လေ့ရှိကြတဲ့ အလုပ်တစ်ခု မဟုတ်ပေမဲ့ တရုတ်နိုင်ငံမှာ အဆိုပါ အလုပ်နေရာအတွက် လျှောက်ထားသူ တစ်သောင်းနီးပါးအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှာ ပြည်သူ့ဝန်ဆောင်မှု အလုပ်အကိုရရှိရေး ယှဉ်ပြိုင်မှုမှာ စံချိန်တင်အဖြစ် တရုတ် ဒီမိုကရက်တစ်လိဂ်ရဲ့ ဧည့်ကြိုအလုပ်နေရာအတွက် လူပေါင်း ၉,၈၃၇ ဦး လျှောက်ထားခဲ့ကြကြောင်း သိရပါတယ်။

play


ဒီမိုကရက်တစ်လိဂ်ဟာ တရုတ်နိုင်ငံမှ အဓိက မဟုတ်တဲ့ နိုင်ငံရေးပါတီများအနက်မှ တစ်ခုဖြစ်ပြီး ပါတီသြဇာသက်ရောက်မှုလည်း အလွန်နည်းပါတယ်လို့ ဆိုပါတယ်။ ဒီမိုကရက်တစ်လိဂ်က ခေါ်ယူခဲ့တဲ့ ဧည့်ကြိုအလုပ်နေရာအတွက် ဘွဲရ့ဖြစ်ရန်နဲ့ အခြေခံလုပ်ငန်း အတွေ့အကြုံ ၂ နှစ်သာ လိုအပ်ကြောင်းလည်း သိရပါတယ်။

အချို့အလုပ်အကိုင် နေရာတွေရဲ့ ပညာရေးလိုအပ်ချက်နဲ့ အတွေ့အကြုံဟာ လူအများစုအတွက် အဆင်ပြေနိုင်တာကြောင့်လည်း စိတ်ဝင်စားမှု ပိုမိုများပြားလေ့ရှိကြောင်း ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

တရုတ်မှာ ယခုနှစ်အတွင်း အစိုးရအလုပ်အကိုင် နေရာများအတွက် စာမေးပွဲဝင်ရောက်ဖြေဆိုသူ ၁.၄ သန်းရှိပြီး ပျမ်းမျှအားဖြင့် အလုပ်နေရာတစ်ခုမှာ လျှောက်ထားသူ ၄၉.၅ ဦး နှုန်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ကလည်း အမျိုးသား စာရင်းအင်းအချက်အလက်ဌာနရဲ့ ချုံကင်းနဲ့ နန်ချွန်း စစ်ဆေးရေးအဖွဲ့ဝင် အလုပ်နေရာအတွက် လျှောက်ထားသူ ၉,၄၀၀ ရှိခဲ့ကြောင်း သိရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ