International News: နှစ် ၄၀ အတွင်း ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ၅၈ ရာခိုင်နှုန်း လျော့နည်းသွား

တိရစ္ဆာန်များရဲ့ နေရာလျော့နည်းလာမှု၊ တောရိုင်းတိရစ္ဆာန်ရောင်းဝယ်မှု၊ ကမ္ဘာ့လူဦးရေထူထပ်လာမှုနဲ့ ရာသီဥတုပြောင်းလဲမှုတွေကြောင့် တောရိုင်းတိရစ္ဆာန် အရေအတွက် အဓိက လျော့ကျခဲ့ပါတယ်။

play


ကမ္ဘာတစ်ဝန်း တောရိုင်းတိရစ္ဆာန် အရေအတွက်မှာ ၁၉၇၀ ပြည့်နှစ်နောက်ပိုင်း ၅၈ ရာခိုင်နှုန်း လျော့နည်းသွားခဲ့ကြောင်း အစီရင်ခံစာတစ်ခုက ဖော်ပြခဲ့ပါတယ်။

play


Zoological Society of London (ZSL) နဲ့ WWF တို့ ပူးပေါင်းပြုလုပ်တဲ့ Living Planet အစီရင်ခံစာအရ တောရိုင်းတိရစ္ဆာန် အရေအတွက် ယခုအတိုင်း ဆက်လက် လျော့နည်းနေပါက ၂၀၂၀ ခုနှစ်အရောက်မှာ သုံးပုံနှစ်ပုံသာ ရှိတော့မယ်လို့ ဆိုပါတယ်။

အစီရင်ခံစာရဲ့ အချက်အလက်များအရ ရေကန်များ၊ မြစ်ချောင်းများနဲ့ စိုစွတ်တဲ့ မြေတို့မှာ နေထိုင်တဲ့ တိရစ္ဆာန် အရေအတွက်ဟာ အကြီးအကျယ် လျော့နည်းလာနေကြောင်း သိရပါတယ်။

play


တိရစ္ဆာန်များရဲ့ နေရာလျော့နည်းလာမှု၊ တောရိုင်းတိရစ္ဆာန်ရောင်းဝယ်မှု၊ ကမ္ဘာ့လူဦးရေထူထပ်လာမှုနဲ့ ရာသီဥတုပြောင်းလဲမှုတွေကြောင့် တောရိုင်းတိရစ္ဆာန် အရေအတွက် အဓိက လျော့ကျခဲ့ပါတယ်။

play


သုတေသီတွေက ငှက်များ၊ ငါးများ၊ နို့တိုက်သတ္တဝါးများ၊ ကုန်းနေရေနေ သတ္တဝါးများနဲ့ တွားသွားသတ္တဝါများရဲ့ မတူညီတဲ့ မျိုးစိတ်ပေါင်း ၃,၇၀၀ ကို အခြေခံပြီး အချက်အလက်များ စုစည်းခဲ့ပြီးနောက် ၁၉၇၀ ပြည့်နှစ်နောက်ပိုင်း တောရိုင်းတိရစ္ဆာန် အရေအတွက်ကို လေ့လာခဲ့ပါတယ်။

သုတေသီတွေရဲ့ Living Planet အစီရင်ခံစာကို ၂၀၁၄ ခုနှစ်က နောက်ဆုံး ထုတ်ပြန်ခဲ့ပြီး နှစ် ၄၀ အတွင်း တောရိုင်းတိရစ္ဆာန် အရေအတွက် လျော့နည်းသွားမှုအပေါ် ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။
Source & Photo: Living Planet, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ