International News: ပစိဖိတ်သမုဒ္ဒရာကို ရွက်လှေဖြင့် စံချိန်သစ်တင် ဖြတ်သန်းရန် ကြိုးပမ်းသူ ပျောက်ဆုံးသွား

ဂူချူအန်းဟာ ပင်လယ်ရေကြောင်း သွားလာမှုဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ရွက်လွှင့်ဝါသနာ အလွန်ကြီးမားသူလည်း ဖြစ်ပါတယ်။

  play


ပစိဖိတ်သမုဒ္ဒရာအတွင်း ပျောက်ဆုံးသွားခဲ့တဲ့ ကမ္ဘာ့စံချိန်သစ်တင်ရန် ကြိုးပမ်းခဲ့သူ တရုတ်လူမျိုး ရွက်လွှင့်သူကို လိုက်လံရှာဖွေနေမှုအား ရပ်ဆိုင်းလိုက်ပြီလို့ အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

play


ဂူချူအန်း အမည်ရှိ တရုတ်အမျိုးသားဟာ အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကိုမှ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့သို့ ပစိဖိတ်သမုဒ္ဒရာကို ရွက်လှေဖြင့် ရက် ၂၀ အတွင်း ဖြတ်သန်းရောက်ရှိကာ ကမ္ဘာ့စံချိန်သစ်တင်နိုင်ရန် ကြိုးပမ်းခဲ့ရာမှ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာ့စံချိန်မှာ ၂၁ ရက် ကြာမြင့်ခဲ့ပြီး စံချိန်တင်ထားပါတယ်။ အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က ၎င်းကို ဟာဝိုင်အီကမ်းလွန် ရေပြင်မှာ လိုက်လံရှာဖွေခဲ့ပြီး အဆိုပါ နေရာမှာ ၎င်းရဲ့ရွက်လှေကိုသာ တွေ့ခဲ့ရပြီး ဂူချုအန်းကို မတွေ့တော့တာ ဖြစ်ပါတယ်။

play


ရွက်လှေပေါ်မှာ ဂူချူအန်းကို မတွေ့ရဘဲ ၎င်းရဲ့ အသက်ကယ်အင်္ကျီကိုတော့ တွေ့ခဲ့ရကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူတွေက ပြောပါတယ်။ ဂူချူအန်းဟာ အောက်တိုဘာ ၁၈ ရက်က ရွက်လှေဖြင့် ဆန်ဖရန်စစ္စကိုမှ စတင် ထွက်ခွာသွားခဲ့တာဖြစ်ပြီး အင်္ဂါနေ့ (အောက်တိုဘာ ၂၅ ရက်) မှာ ၎င်းနဲ့ နောက်ဆုံး အဆက်အသွယ်ရခဲ့ကြောင်း သိရပါတယ်။

ဂူချူအန်းဟာ ပင်လယ်ရေကြောင်း သွားလာမှုဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ရွက်လွှင့်ဝါသနာ အလွန်ကြီးမားသူလည်း ဖြစ်ပါတယ်။ ၎င်းဟာ ၂၀၁၄ ခုနှစ်မှာ ရေလမ်းခရီးဖြင့် တစ်ကိုယ်တော် ကမ္ဘာပတ်ခဲ့တဲ့ တရုတ်လူမျိုးအဖြစ် ကျော်ကြားခဲ့ပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ