International News: အမျိုးသမီး လစဉ်သုံးပစ္စည်းအတုများ သန်းနဲ့ချီထုတ်လုပ်သူတွေကို ဖမ်းဆီး

ဖော်ထုတ်ဖမ်းဆီးခဲ့တဲ့ အမျိုးသမီး လစဉ်သုံးပစ္စည်းအတုတွေကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချခြင်းရှိ မရှိ ရှင်းလင်းစွာ မသိရသေးဘူးလို့ ဆိုပါတယ်။

play


တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ ရဲတပ်ဖွဲ့က အမျိုးသမီး လစဉ်သုံးပစ္စည်းအတုများ သန်းနဲ့ချီထုတ်လုပ်နေမှုကို ဖော်ထုတ်ခဲ့ပြီးနောက် အဆိုပါ ပစ္စည်းအတုတွေကြောင့် အမျိုးသမီးများ ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ ရှိလာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။ ကျန်ဇီပြည်နယ် နန်ချန်းမြို့ရှိ ရဲတပ်ဖွဲ့က အမျိုးသမီး လစဉ်သုံးပစ္စည်းအတု သန်းနဲ့ချီထုတ်လုပ်နေသူ နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ပြောကြားထားပါတယ်။

play


အဆိုပါ အမျိုးသမီး လစဉ်သုံးပစ္စည်းအတုတွေကို တရုတ်နိုင်ငံတစ်ဝန်းမှာ ၂၀၁၃ ခုနှစ်ကတည်းက ရောင်းချလာခဲ့တယ်လို့ ယူဆရပါတယ်။ တရုတ်အာဏာပိုင်တွေက ဈေးလျှော့ရောင်းတဲ့ ပစ္စည်းတွေကို မဝယ်ကြရန်နဲ့ ကျန်းမာရေးအန္တရာယ် ဆိုးရွားစွာဖြစ်နိုင်ကြောင်း သတိပေးထားပါတယ်။

play


ပိုမွှားသန့်စင်မှုလုပ်ငန်စဉ် မရှိတဲ့ စက်ရုံတစ်ရုံမှာ ယွမ်ငွေ သန်း ၄၀ (အမေရိကန်ဒေါ်လာ ၅.၉ သန်း) တန်ဖိုးရှိ အမျိုးသမီး လစဉ်သုံးပစ္စည်းအတုများ ထုတ်လုပ်နေတာကို ဖော်ထုတ်သိမ်းဆည်းခဲ့ကြောင်း နန်ချန်း ပြည်သူ့လုံခြုံရေးဌာနက ပြောပါတယ်။ အဆိုပါ အမျိုးသမီး လစဉ်သုံးပစ္စည်းအတုတွေကို တရုတ်နိုင်ငံမှာ နာမည်ကြီးတဲ့ ABC သို့မဟုတ် Whisper တံဆိပ်များဖြင့် စူပါမတ်ကက်များသို့ တင်ပို့ရောင်းချခဲ့ကြောင်း သိရပါတယ်။

play


ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးခဲ့တဲ့ အမျိုးသမီး လစဉ်သုံးပစ္စည်းအတုတွေကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချခြင်းရှိ မရှိ ရှင်းလင်းစွာ မသိရသေးဘူးလို့ ဆိုပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိသူတွေက အဆိုပါ အမှတ်တံဆိပ် အမျိုးသမီး လစဉ်သုံးပစ္စည်းတွေ ဝယ်ယူရာမှာ အရောင်ကို သေချာစွာ စစ်ဆေးကြရန် တိုက်တွန်းထားပြီး လစဉ်သုံးပစ္စည်းအတု အထုပ်များမှာ အရောင်အနည်းငယ် ပိုရင့်နေကြောင်း ပြောပါတယ်။

တရုတ် ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် Weibo မှာ အဆိုပါ သတင်းကို မျှဝေခဲ့ရာမှာ ဝေဖန်ပြောကြားမှု comment ပေါင်း ၁၅,၀၀၀ နီးပါး ရှိခဲ့တယ်လို့ ဆိုပါတယ်။
Source & Photo: BBC, Weibo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ