International News: အဖမ်းမခံရအောင် ရဲကို မြှူဆွယ်တဲ့ အမျိုးသမီး တစ်မှုကနေ နှစ်မှုဖြစ်

သူမဟာ ကိုယ်ထိလက်ရောက်တောင် မြှူဆွယ်ခဲ့တယ်လို့ ဆိုပါတယ်။

play

 

အသက် ၃၉ နှစ်အရွယ် ဆယ်လီဘရောင်းကို မနက်ခင်းတစ်ခုမှာ ငယ်ရွယ်တဲ့ ရဲအရာရှိတစ်ဦးက ရပ်ခိုင်းခဲ့ပြီး အရက်သောက်ထားခြင်းရှိမရှိ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အင်္ဂလန်နိုင်ငံ၊ နော့သ်ယော့ရှိုင်းယားမှာ Suzuki Swift ကားတစ်စီး မောင်းနှင်လာပုံက မူမမှန်တဲ့အတွက် ရပ်တန့်ခိုင်းခဲ့ရာမှ မစ္စဘရောင်းဟာ မူးယစ်နေတာကို တွေ့ရှိခဲ့တယ်လို့ အစိုးရရှေ့နေက တရားရုံးမှာ ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။

play

 

"သူမကို ကျူ့ထဲ လေမှုတ်ခိုင်းတာကို သူမက ရှင့်ကို လုပ်ပေးမယ်လို့ ပြောပြီး ရဲအရှိရဲ့ ပေါင်ကို ကိုင်ခဲ့တယ်" လို့ အစိုးရရှေ့နေက ဆိုပါတယ်။

မစ္စဘရောင်းကတော့ အရက်မူးပြီး ကားမောင်းတာကို ဝန်ခံခဲ့ပေမဲ့ ရဲအရာရှိကိုတော့ မြှူဆွယ်ခဲ့ခြင်းမရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

ယင်းအမှုကို တရားရုံးက ဆက်လက်ကြားနာရဦးမှာ ဖြစ်ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ