International News: မူးယစ်ဆေးမှုဖြင့် သံသယရှိသူ ဖိလစ်ပိုင် မြို့အုပ်ချုပ်ရေးမှူး ရဲတပ်ဖွဲ့နဲ့ ပစ်ခတ်မှုအတွင်း သေဆုံး

သမ္မတဒူတာတေးက မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု ကျူးလွန်ကြောင်း သံသယရှိသူတွေကို အသေပစ်သတ်ရဲ့ ရဲတပ်ဖွဲ့ကို အခွင့်အာဏာပေးထားတယ်လို့ ဆိုပါတယ်။

play
ဖိလစ်ပိုင်သမ္မတ ဒူတာတေး


ဖိလစ်ပိုင်နိုင်ငံမှာ ရဲတပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် သံသယရှိနေသူ မြို့အုပ်ချုပ်ရေးမှူးနဲ့ ၎င်းရဲ့သက်တော်စောင့်၉ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

play


ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ၎င်းရဲ့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးကို အရှိန်မြှင့်မယ်လို့ ပြောကြးခဲ့ပြီး နာရီပိုင်းအကြာ အောက်တိုဘာ ၂၈ ရက်မှာ ယခုဖြစ်ရပ် ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

play
ရဲတပ်ဖွဲ့နဲ့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည့် မြို့အုပ်ချုပ်ရေးမှူး ဆမ်ဆူဒင် ဒီမာကွန်မ်


ဖိလစ်ပိုင်တောင်ပိုင်း ဆော်ဒီအမ်ပါတူအန်မြို့ရဲ့ အုပ်ချုပ်ရေးမှူး ဆမ်ဆူဒင် ဒီမာကွန်မ်ဟာ သမ္မတဒူတာတေးက မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ ပတ်သက်ကြောင်း ဖော်ထုတ်သတ်မှတ်ထားတဲ့ ဒေသ အာဏာပိုင်များ၊  တရားသူကြီးများနဲ့ ရဲတပ်ဖွဲ့ဝင် ၁၅၀ အနက်မှ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။

play


မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတပ်ဖွဲ့ဝင်တွေက အဆိုပါ မြို့အုပ်ချုပ်ရေးမှူးရဲ့ယာဉ်တန်းကို မူးယစ်ဆေးဝါး သယ်ဆောင်လာကြောင်း သံသယရှိတာကြောင့် မက်ကီလာလာမြို့အတွင်း စစ်ဆေးရေးဂိတ်တစ်ခုမှာ တားမြစ်ခဲ့ရာ ၎င်းရဲ့သက်တော်စောင့်တွေက စတင်ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

play


မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတပ်ဖွဲဝင်တွေက ပြန်လည် ပစ်ခတ်ခဲ့ရာ မြို့အုပ်ချုပ်ရေးမှူးနဲ့ သက်တောင်စောင့်တွေ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ သမ္မတဒူတာတေး အာဏာရလာပြီးနောက် ကြမ်းတမ်းတဲ့ ရာဇဝတ်မှုနှိမ်နင်းရေး ဆောင်ရွက်ခဲ့ရာ လူ ၃,၈၀၀ ကျော် သေဆုံးခဲ့တာကြောင့် အမေရိကန်၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအုပ်စုတွေက ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

သမ္မတဒူတာတေးက မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု ကျူးလွန်ကြောင်း သံသယရှိသူတွေကို အသေပစ်သတ်ရဲ့ ရဲတပ်ဖွဲ့ကို အခွင့်အာဏာပေးထားတယ်လို့ ဆိုပါတယ်။
Source & Photo: AFP, Aljazeera

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ