International News: အိုင်အက်စ်အဖွဲ့က အရပ်သားတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးချ

အီရတ်နဲ့ ကာဒစ်တိုက်ခိုက်ရေးသမားတွေ ပူးပေါင်းပြီး မိုဆူးလ်မြို့ကို အိုင်အက်စ်တို့ထံမှ ပြန်လည် သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

play


အီရတ်နိုင်ငံ မိုဆူးလ်မြို့နဲ့ အနီးတစ်ဝိုက်မှ သောင်းနဲ့ချီအရေအတွက်ရှိတဲ့ အရပ်သားတွေကို အိုင်အက်စ်အဖွဲ့က ပြန်ပေးဆွဲ ခေါ်ဆောင်ကာ လူသားဒိုင်းများအဖြစ် အသုံးချနေကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

play


အိုင်အက်စ်အဖွဲ့က ၎င်းတို့ကိုဆန့်ကျင်တဲ့ ယခင် အီရတ် လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်း ၁၉၀ နဲ့ အရပ်သား ၄၂ ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း ကုလသမဂ္ဂက ဖြည့်စွက်ပြောပါတယ်။

play


အီရတ်နဲ့ ကာဒစ်တိုက်ခိုက်ရေးသမားတွေ ပူးပေါင်းပြီး မိုဆူးလ်မြို့ကို အိုင်အက်စ်တို့ထံမှ ပြန်လည် သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

play


မိုဆူးလ်မြို့အတွင်း လူဦးရေ ၁.၅ သန်း ရှိနေဆဲဖြစ်ကြောင်း သိရပြီး အိုင်အက်စ်အဖွဲ့က မိသားစု ၆,၀၀၀ မှ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေကို ပြန်ပေးဆွဲ ခေါ်ဆောင်သွားထားတယ်လို့ ဆိုပါတယ်။

play


မိုဆူးလ်မြို့အနီးကို အီရတ်နဲ့ ကာဒစ် ပူးပေါင်းတပ်ဖွဲ့များ ချဉ်းကပ်လာချိန်မှာ အိုင်အက်စ်တို့က ၎င်းတို့ကိုယ်ကိုယ် ကာကွယ်ရန်အတွက် အရပ်သားတွေကို အသုံးချနိုင်ကြောင်း စိုးရိမ်မှုတွေလည်း မြင့်တက်နေပါတယ်။

မိုဆူးလ်မြို့ ပြန်လည် သိမ်းပိုက်ရေး ထိုးစစ်ဆင်မှုအတွင်း အိုင်အက်စ်အဖွဲ့ တိုက်ခိုက်ရေးသမား ၉၀၀ အထိ သေဆုံးခဲ့ကြောင်း အမေရိကန်က ကြာသပတေးနေ့ (အောက်တိုဘာ ၂၇ ရက်) မှာ ပြောကြားထားပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ