International News: ဗြိတိန်ရဲ့သက်တမ်းအကြာဆုံး ဟိုတယ် မီးလောင်မှုကြောင့် ပြိုကျပျက်စီး

ဟိုတယ် အဆောက်အအုံ မီးလောင်မှုကို မီးသတ်သမား ၁၁၀ ဖြင့် ငြှိမ်းသတ်ခဲ့ရပါတယ်။

play


ဗြိတိန်နိုင်ငံမှ သက်တမ်းအကြာဆုံး ဟိုတယ်မှာ မီးအကြီးအကျယ် လောင်ကျွမ်းမှုကြောင့် ပြိုကျပျက်စီးခဲ့ကြောင်း သိရပါတယ်။

play


၁၇ ရာစုလက်ရာ Royal Clarence ဟိုတယ် အဆောက်အအုံဟာ သောကြာနေ့ (အောက်တိုဘာ ၂၈ ရက်) ဒေသစံတော်ချိန် မနက် ၅ နာရီကျော်မှာ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး တစ်ရက်ကျော်ကြာ လောင်းကျွမ်းခဲ့တဲ့မီးကြောင့် ပြိုကျပျက်စီးခဲ့ပါတယ်။

play


အနီးအနားရှိ ပန်းချီအနုပညာ ပြခန်းတစ်ခုမှာ မီးလောင်မှုဖြစ်ပွားရာမှ ဟိုတယ်အဆောက်အအုံကို ကူးစက်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။

play


အက်ဆက်တာမြို့မှာ တည်ရှိတဲ့ အဆိုပါဟိုတယ် အဆောက်အအုံ မီးလောင်မှုကို မီးသတ်သမား ၁၁၀ ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရပါတယ်။

play


ဟိုတယ်မှာရှိနေတဲ့ တည်းခိုနေထိုင်တဲ့ ဧည့်သည်တွေနဲ့ ဝန်ထမ်းတွေကို ဘေးကင်းစွာ ပြောင်းရွှေ့ပေးနိုင်ခဲ့ပါတယ်။ Royal Clarence ဟိုတယ်ကို ၁၇၆၉ ခုနှစ်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ