International News: အမေရိကန်သမ္မတရွေးကောက်ပွဲ ကြိုတင်မဲပေးမှုမှာ ဟီလာရီကလင်တန် အသာရ

အမေရိကန်မဲဆန္ဒရှင် ၁၉ သန်းက ကြိုတင်မဲပေးခဲ့ကြကြောင်း ဖလော်ရီဒါပြည်နယ် တက္ကသိုလ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲပရောဂျက်က ဆိုပါတယ်။

play


အမေရိကန်သမ္မတရွေးကောက်ပွဲရက် မတိုင်မီ ကြိုတင်မဲပေးသူများကို စစ်တမ်းကောက်ခံမှုအရ ဒီမိုကရက်တစ်ပါတီမှ ဟီလာရီကလင်တန်က ရီပတ်ဘလစ်ကင်ပါတီမှ ဒေါ်နယ်ထရန့်ထက် အသာရနေကြောင်း Reuters/Ipsos States of Nation က ပြောပါတယ်။

play


ကြိုတင်မဲစစ်တမ်းများအရ ဟီလာရီက ထရန့်ထက် ၁၅ ရာခိုင်နှုန်း အသာရနေတယ်လို့ ဆိုပါတယ်။ ကြိုတင်မဲပေးခဲ့တဲ့ ရလဒ်အားလုံးကို သိရှိနိုင်ခြင်း မရှိသေးပေမဲ့ ဟီလာရီက အိုဟိုင်းယိုနဲ့ အာရီဇိုနား အပါအဝင် ရီပတ်ဘလစ်ကင် အားကောင်းတဲ့ ဂျော်ဂျီယာနဲ့ တက္ကဆက်မှာလည်း အသာရခဲ့ကြောင်း သိရပါတယ်။

play


ခန့်မှန်းခြေအားဖြင့် အမေရိကန်မဲဆန္ဒရှင် ၁၉ သန်းက ကြိုတင်မဲပေးခဲ့ကြကြောင်း ဖလော်ရီဒါပြည်နယ် တက္ကသိုလ်က ပြုလုပ်တဲ့ အမေရိကန်ရွေးကောက်ပွဲပရောဂျက်က ဆိုပါတယ်။

play


ကြိုတင်မဲပေးခဲ့သူ အရေအတွက်ဟာ အမေရိကန် မဲဆန္ဒရှင်ဦးရေရဲ့ ၂၀ ရာခိုင်းနှုန်းဖြစ်ကြောင်းလည်း သိရပါတယ်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာ ၈ ရက်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
Source & Photo: Reuters

အမေရိကန်သမ္မတသစ် ဘယ်သူဖြစ်လာမလဲ»

  • 81,8% ဟီလာရီ ကလင်တန်
  • 18,2% ဒေါ်နယ်ထရန့်
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ