International News: ခိုးပြေးခဲ့ကြစဉ်က အသုံးပြုခဲ့သည့် ဆိုင်ကယ်ကို နှစ် ၆၀ အကြာတွင် အမှတ်မထင် ပြန်ဝယ်မိခဲ့သည့် စုံတွဲ

ဆိုင်ကယ်ထဲမှာ ဝှက်ထားခဲ့တဲ့ ရည်းစားစာကိုတောင် ပြန်တွေ့ရသေးတယ်လို့ ဆိုပါတယ်။

play

 

ယုံကြည်နိုင်ဖို့ ခဲယဉ်းလှတဲ့ ဖြစ်ရပ်တွေဟာ ရုပ်ရှင်နဲ စာအုပ်တွေထဲမှာတင် ရှိတာမဟုတ်ဘဲ တကယ့်အပြင်မှာလည်း အမြဲဖြစ်ပျက်နေလေ့ ရှိပါတယ်။ အင်္ဂလန်နိုင်ငံက စုံတွဲတစ်တွဲရဲ့ ဖြစ်ရပ်ဟာ ရုပ်ရှင်တွေထက်တောင် ပိုပြီး ဆန်းကျယ်နေပါသေးတယ်။

play

 

အခု အသက် ၇၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဘိုးအိုဘော့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ တုန်းက သူ့ရဲ့ချစ်သူ ဂျင်းကို ခိုးပြေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ခိုးပြေးရတဲ့ အကြောင်းရင်းက သူတို့ဟာ လက်ထပ်ဖို့ ငယ်သေးတယ်လို့ မိဘတွေက ယူဆပြီး သူတို့ရဲ့ချစ်ခြင်းကိုခွဲဖို့ ကြိုးစားခဲ့တာကြောင့်ပါ။

play

 

အင်္ဂလန်မှာရှိတဲ့ ကွန်းဝေါလ်ဆိုတဲ့ မြို့ကလေးကနေ သူတို့နှစ်ဦးဟာ စကော့တလန်ကို ထွက်ပြေးဖို့ ကြိုးစားခဲ့ကြပါတယ်။ စကော့တလန်ကို သွားဖို့အတွက် သူတို့ဟာ ဆိုင်ကယ်ကိုအသုံးပြုဖို့ ဆုံးဖြတ်ခဲ့ကြပြီး အဲဒီဆိုင်ကယ်အင်ဂျင်ထဲမှာ သူတို့နှစ်ဦးရဲ့ ရည်းစားစာကို ဝှက်ထားခဲ့ပါတယ်။

play

 

အခု နှစ်ပေါင်း ၆၀ ကြာတဲ့အခါ ဒီဆိုင်ကယ်ကို သူတို့နှစ်ဦးဟာ အမှတ်မထင် ပြန်လည် ဝယ်ယူမိခဲ့တာပါ။ အဘိုးအို ဘော့က သူတို့ခိုးပြေးစဉ်က ဆိုင်ကယ်အမျိုးအစားမျိုးပြန်ဝယ်ဖို့ ဆုံးဖြတ်ခဲ့ပြီး စုံစမ်းခဲ့ရာမှာ သူတို့နှစ်ဦးရဲ့မြှားနတ်မောင် ဖြစ်ခဲ့တဲ့ ဆိုင်ကယ်ကို အမှတ်မထင် ဝယ်ယူဖြစ်ခဲ့တာပါ။ အထူးခြားဆုံးကတော့ သူတို့အင်ဂျင်ထဲမှာ ဝှက်ထားခဲ့တဲ့ ရည်းစားစာကို ဆိုင်ကယ်ထဲမှာ ပြန်တွေ့လိုက်ရတာပါပဲ။ အခုတော့ သူတို့မှာ သားသမီးသုံးဦးတောင် ထွန်းကားခဲ့ပြီးပြီ ဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ