play

 

Carleigh Hager ဆိုတဲ့ မိန်းကလေးဟာ အွန်လိုင်းမှာ ချစ်သူနဲ့ ချစ်ကြည်နူးပုံတွေကို အမြဲတမ်းတင်တတ်သူဖြစ်ပြီး သူမရဲ့ဘဝဟာ ပြည့်စုံလှပနေတယ်လို့ အားလုံးက ယူဆထားခဲ့ကြပါတယ်။

ဒါပေမဲ့လည်း လက်ထောက်သူနာပြုလေး Carleigh ဟာ ရည်းစားရဲ့ ဆိုးရွားစွာ နှိပ်စက်ညှင်းပန်းမှုကို အမြဲခံနေရသူ ဖြစ်ပါတယ်။

play

 

သူမကို ဆေးရုံပို့လိုက်ရစဉ်မှာ ဘယ်သူကမှ အသက် ၂၆ နှစ်အရွယ် ရိုင်ယန်ကာမီရွန် ပြုလုပ်တယ်လို့ မထင်ခဲ့ကြပါဘူး။ Carleigh ရဲ့လျှာတွေဟာ လက်နဲ ဆွဲပြီး ဖြဲခံထားရတဲ့အတွက် ဆရာဝန်တွေက လျှာကို ပြန်ချုပ်ပေးခဲ့ရပါတယ်။ နားရွက်မှာလည်း ကိုက်ဆွဲခံထားရလို့ စုတ်ပြတ်သတ်နေပါတယ်။

play

 

အဲဒီလို နှိပ်စက်ညှင်းပန်းခံရစဉ်မှာ ပါးစပ်ထဲမှာ သွေးတွေနဲ့ နင်နေပြီး အသက်တောင် ရှူမရတဲ့အတွက် သူမ သေတော့မယ်လို့တောင် ထင်ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

play

 

အားလုံးရဲ့ရှေ့မှာ အဆင်ပြေနေခဲ့ချင်ယောင် ဟန်ဆောင်နေခဲ့ပေမဲ့ ရိုင်ယန်ဟာ အရင်ကတည်းက ဆိုးသွမ်းသူမို့ လမ်းခွဲဖို့ ကြိုးစားချိန်မှာ အခြေအနေက ပိုပြီးဆိုးရွားလာခဲ့တာပါ။

"သူနဲ့ လမ်းခွဲဖို့ ခဏခဏကြိုးစားတယ်။ သူက ကျွန်မခွေးလေးကို သတ်ပစ်မယ်လို့တောင် ခြိမ်းခြောက်တယ်။ မိဘတွေကိုလည်း ပြောရမှာ အရမ်းရှက်တယ်" လို့ သူမက ဆိုပါတယ်။

play

 

ဖေ့စ်ဘွတ်မှာ တင်ထားတဲ့ ပျော်ရွှင်နေတဲ့ဓာတ်ပုံတွေဟာ အတုအယောင်တွေဖြစ်ကြောင်း သူမက ဆိုရင်း ဆိုရှယ်မီဒီယာမှာ မြင်သမျှဟာ လူတွေထင်နေသလို မဟုတ်ကြောင်း ပြောပြခဲ့ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video