International News: ယီမင်မှာ လေကြောင်းတိုက်ခိုက်မှု အကျဉ်းထောင်ကိုထိမှန်ပြီး အများပြား သေဆုံး

လေကြောင်းတိုက်ခိုက်မှုဟာ လုံခြုံရေးတပ်ဖွဲ့ ဌာနချုပ်မှာ အကျဉ်းထောင်အဖြစ် အသုံးပြုနေတဲ့ အဆောက်အအုံကို ထိမှန်ခဲ့ပါတယ်။

  play


ယီမင်နိုင်ငံမှာ ဆော်ဒီအာရေဗီးယားနိုင်ငံက ဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အကျဉ်းထောင်ထိမှန်ခံရမှုကြောင့် လူအများအပြား သေဆုံးခဲ့ကြောင်း သတင်းများက ဖော်ပြပါတယ်။

play


လေကြောင်းတိုက်ခိုက်မှုဟာ အနောက်ဘက်ဆိပ်ကမ်းမြို့ ဟူဒေဒါဟ်ရှိ အယ်လ်ဇေဒီယာ လုံခြုံရေးတပ်ဖွဲ့ ဌာနချုပ်မှာ အကျဉ်းထောင်အဖြစ် အသုံးပြုနေတဲ့ အဆောက်အအုံကို ထိမှန်ခဲ့ကြောင်း လုံခြုံရေးနဲ့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ဟူဒေဒါဟ်မြို့ဟာ ဟူသီသူပုန်များ ထိန်းချုပ်ထားတဲ့ မြို့တစ်မြို့ဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက ယီမင်အစိုးရတပ်တွေနဲ့ တိုက်ခိုက်မှုများ ရှိနေခဲ့တာာ ဖြစ်ပါတယ်။

play


လေကြောင်းတိုက်ခိုက်မှုအတွင်း အကျဉ်းသားများ အပါအဝင် လူ ၆၀ သေဆုံးကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။ အောက်တိုဘာ ၂၉ ရက် နှောင်းပိုင်းက လေကြောင်းတိုက်ခိုက်မှု ထိမှန်ခံရစဉ်မှာ အကျဉ်ထောင်အတွင်း အကျဉ်းသား ၈၄ ဦးကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်း သိရပါတယ်။

ယီမင်အစိုးရကို ကူညီနေတဲ့ ဆော်ဒီဦးဆောင်တဲ့ လေကြောင်းတိုက်မှုအတွင်း အရပ်သား သေဆုံးမှုများ ယခင်ကလည်း ရှိနေခဲ့ပါတယ်။ အောက်တိုဘာလ အစောပိုင်းကလည်း ယီမင်မြို့တော် ဆာနားမှာ ပြုလုပ်နေတဲ့ အသုဘအခမ်းအနားကို လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၄၀ သေဆုံးခဲ့ကြောင်း သိရပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ