International News: ဗီယက်နမ်မှာ ဇီကာကြောင့် ဦးနှောက်ရောဂါဖြစ်ပွားမှု ပထမဆုံးအကြိမ်တွေ့ရှိ

ဇီကာနဲ့ဆက်နွယ်ပြီး ဦးနှောက်ရောဂါ ဖြစ်ပွားတဲ့ ကလေးငယ်ကို ဗီယက်နမ်အလယ်ပိုင်း ဒက်လက်မှာ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

play


ဗီယက်နမ်နိုင်ငံမှာ ဇီကာဗိုင်းရပ်စ်ကြောင့် microcephaly ခေါ် ဦးနှောက်ရောဂါ ဖြစ်ပွားမှုတစ်ခု ပထမဆုံးအကြိမ် တွေ့ရှိခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၃၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

play


မိခင်ဖြစ်သူက ကိုယ်ဝန်ဆောင်ကာလအတွင်း ဇီကာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ အသက် ၄ လအရွယ် ကလေးငယ်မှာ microcephaly ရောဂါ ဖြစ်ပွားနေကြောင်း တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

play


ဇီကာနဲ့ဆက်နွယ်ပြီး ဦးနှောက်ရောဂါ ဖြစ်ပွားတဲ့ ကလေးငယ်ကို ဗီယက်နမ်အလယ်ပိုင်း ဒက်လက်မှာ တွေ့ရှိခဲ့ရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

play


ဗီယက်နမ်မှ ဇီကာကူးစက်ခံရမှု ၉ ခုရှိခဲ့ပြီ လာမယ့် ရက်အနည်းငယ်အတွင်း ဓာတ်ခွဲခန်းစမ်းသပ်မှု ရလဒ်တွေအရ ကူးစက်ခံရမှု အရေအတွက် ပိုမိုများပြားလာနိုင်ကြောင်း သိရပါတယ်။

အာရှဒေသမှာ ဇီကာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့လာမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က သတိပေးထားခဲ့ပြီး မြန်မာနိုင်ငံမှာလည်း ဇီကာကူးစက်ခံထားရသူ ပထမဆုံးအကြိမ် တွေ့ရှိမှုအဖြစ် နိုင်ငံခြားသူ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးထံမှာ တွေ့ရှိထားကြောင်း အောက်တိုဘာ ၂၇ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
Source & Photo: Reuters, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ