International News: သူပုန်များက အဆိပ်ဓာတ်ငွေ့ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဆီးရီးယားအစိုးရပြော

အလက်ပိုရှိ ဆေးရုံတစ်ရုံမှ တာဝန်ရှိသူရဲ့ ပြောကြားမှုအရ အရပ်သားနဲ့ စစ်သား ၃၆ ဦးကို အသက်ရှူကျပ်မှုကြောင့် ကုသပေးခဲ့ရတ်လို့ ဆိုပါတယ်။

play


ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ရှီ အစိုးရက ထိန်းချုပ်ထားရာ နေရာဒေသကို သူပုန်များက အဆိပ်ဓာတ်ငွေ့ပါ အမြောက်ဆန်များသုံးပြီး တိုက်ခိုက်ခဲ့ကြောင်း ဆီးရီးယားအစိုးရပိုင် သတင်းဌာနက ပြောကြားလိုက်ပါတယ်။

play


သူပုန်များက အလက်ပိုရှိ အစိုးရတပ်များ ထိန်းချုပ်ထားရာ ဒေသကို အဆိပ်ဓာတ်ငွေ့ပါ အမြောက်ဆန်များဖြင့် ယနေ့ (အောက်တိုဘာ ၃၀ ရက်) တိုက်ခိုက်ခဲ့မှုကြောင့် လူ ၃၆ ဦး အသက်ရှူကျပ်တဲ့ ဝေဒနာခံစားခဲ့ရကြောင်း ဆီးရီးယားအစိုးရ သတင်းဌာနက SANA က ပြောပါတယ်။

play


သူပုန်တပ်ဖွဲ့မှ အရာရှိတစ်ဦးကတော့ ယခု သတင်းဟာ လိမ်လည်မှုဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ တိုက်ပွဲများဖြစ်နေတဲ့ အလက်ပိုမြို့ ရှေ့တန်စစ်မျက်နှာနှစ်ခုရှိ အစိုးရတပ်ဖွဲ့ဝင်များ အသက်ရှူကျပ်မှု ခံစားခဲ့ရကြောင်း  ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က အတည်ပြုခဲ့ပါတယ်။

play


အစိုးရတပ်ဖွဲ့ဝင်များ အသက်ရှူကျပ်မှုဟာ ကလိုရင်းဓာတ်ငွေ့ကြောင့်ဖြစ်ကြောင်းကိုတော့ အဆိုပါအဖွဲ့က မသိရှိဘူးလို့ ဆိုပါတယ်။ အယ်လ်ဟမ်ဒန်နီယာ ဒေသမှာ အဆိပ်ဓာတ်ငွေ့ပါတဲ့ အမြောက်ဆန်များ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်းနဲ့ သေဆုံးမှုမရှိကြောင်း အစိုးရသတင်းဌာနက ပြောပါတယ်။

play


အလက်ပိုရှိ ဆေးရုံတစ်ရုံမှ တာဝန်ရှိသူရဲ့ ပြောကြားမှုအရ အရပ်သားနဲ့ စစ်သား ၃၆ ဦးကို အသက်ရှူကျပ်မှုကြောင့် ကုသပေးခဲ့ရကြောင်း သိရပါတယ်။ ၎င်းတို့ဟာ ကလိုရင်းဓာတ်ငွေ့ပါ အမြောက်ဆန်များ အသုံးပြုတိုက်ခိုက်ခဲ့မှုကြောင့် ဓာတ်ငွေ့သင့်ကာ အသက်ရှူကျပ်မှု ခံစားခဲ့ရတယ်လို့ SANA သတင်းက ပြောပါတယ်။

အလက်ပိုအခြေစိုက် ဖက်စတာကွမ် သူပုန်အုပ်စုရဲ့ နိုင်ငံရေးရာရုံး အကြီးအကဲ ဇာကာရီယာ မာလာဟစ်ဖ်ဂျမ်က အဆိုပါ သတင်းဟာ လိမ်လည်မှုသာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ