International News: ပြည်သူ့ဘဏ္ဍာအလွဲသုံးစားပြုမှုဖြင့် အယ်လ်ဆာဗေဒိုသမ္မတဟောင်း အဖမ်းခံရ

စီးပွားရေးလုပ်ငန်းရှင်ဖြစ်သူ ဆာကာဟာ ဗဟိုအမေရိကန်နိုင်ငံငယ်ရဲ့ သမ္မတအဖြစ် ၂၀၀၄ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ တာဝန်ယူခဲ့ပါတယ်။

play


အယ်လ်ဆာဗေဒိုနိုင်ငံ သမ္မတဟောင်း အန်တိုနီယို ဆာကာကို ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားပြုခဲ့တဲ့ အကျင့်ပျက်ခြစားမှုဖြင့် အောက်တိုဘာ ၂၉ ရက်မှာ ဖမ်းဆီးလိုက်ကြောင်း ရှေ့နေချုပ်ရုံးက အောက်တိုဘာ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်သူ ဆာကာဟာ ဗဟိုအမေရိကန် နိုင်ငံငယ်ရဲ့ သမ္မတအဖြစ် ၂၀၀၄ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ တာဝန်ယူခဲ့ပါတယ်။

play


အောက်တိုဘာ ၂၉ ရက် ညပိုင်းက ၎င်းရဲ့သားတစ်ဦးဖြစ်သူ မင်္ဂလာဧည့်ခံပွဲကျင်းပရာ အယ်လ်ဆာဗေဒိုမြို့တော်ရှိ ခန်းမတစ်ခုမှာ ၎င်းကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သမ္မတဟောင်း ဆာကာနဲ့အတူ ၎င်းရဲ့ အစိုးရအဖွဲ့ဝင်ဟောင်းတွေဖြစ်တဲ့ ဆက်သွယ်ရေးဝန်ကြီးနဲ့ လူငယ်ရေးရာဝန်ကြီးတို့ကကိုလည်း ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

play


ဆာကာကို ဖမ်းဆီးခဲ့ပြီး နာရီအတန်ကြာမှာ ၎င်းရဲ့အတွင်းရေးမှူးကလည်း ရဲတပ်ဖွဲ့ထံ လာရောက်အဖမ်းခံခဲ့ပါတယ်။ အယ်လ်ဆာဗေဒို သမ္မတဟောင်း ဆာကာဟာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၈ သန်းကို အလွဲသုံးစားပြုမှု စွဲချက်တင်ခံရတယ်လို့ ဆိုပါတယ်။ ဆာကာအပြင် ၎င်းနဲ့ဆက်နွှယ်သူ နောက်ထပ် ခြောက်ဦးကိုလည်း ဖမ်ဆီးခဲ့ကြောင်း အယ်လ်ဆာဗေဒို ရှေ့နေချုပ်ရုံးက ပြောပါတယ်။

play


ယခုနှစ် မတ်လအတွင်း အယ်လ်ဆာဗေဒို တရားရုံးချုပ်က ဆာကာနဲ့ ၎င်းရဲ့ဇနီးတို့ကို ရုံးတင်စစ်ဆေးရန် ညွှန်ကြားထားခဲ့တယ်လို့လည်း ဆိုပါတယ်။ ဆာကာဟာ ၎င်းရဲ့ သမ္မတသက်တမ်း နောက်ဆုံးနှစ်မှာ အမေရိကန်ဒေါ်လာ ၅ သန်း ရရှိခဲ့မှုအပေါ် အကြောင်းပြချက် မပေးနိုင်ခဲ့ဘူးလို့ တရားရုံးချုပ်က ပြောပါတယ်။

ဆာကာရဲ့ ဘဏ်အကောင့်နဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ထိန်းချုပ်ထားခဲ့ပြီး ၎င်းရဲ့ နိုင်ငံရေးပါတီကလည်း ဆာကာကို ပါတီစည်းကမ်းမလိုက်နာမှုဖြင့် ၂၀၀၉ ခုနှစ်က ထုတ်ပယ်ခဲ့ကြောင်း သိရပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ