International News: အောက်တိုဘာ ၃၀ အီတလီငလျင်ကြောင့် လူ ၁၅,၀၀၀ အိုးအိမ့်မဲဖြစ်

ငလျင်ဟာ အောက်တိုဘာ ၃၀ ရက် ဒေသစံတော်ချိန် နံနက် ၇း၄၀ မှာ နော်စီယာမြို့ငယ်အနီး ဗဟိုပြုလှုပ်ခတ်ခဲ့ပါတယ်။

play


အီတလီနိုင်ငံ တောင်တန်းထူထပ်ရာ ဒေသမှာ အောက်တိုဘာ ၃၀ ရက်က လှုပ်ခတ်ခဲ့တဲ့ ၃၆ နှစ်အတွင်း အပြင်းထန်ဆုံး ငလျင်ကြောင့် လူ ၁၅,၀၀၀ ယာယီအားဖြင့် အိုးအိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရပါတယ်။

play


ပြင်းအားအဆင့် ၆.၆ ရှိ ငလျင်လှုပ်ခတ်မှုကြောင့် အဆိုပါဒေသမှ သက်တမ်း နှစ် ၆၀၀ ရှိ ခရစ်ယာန်ဘုရားကျောင်းလည်း ပြိုကျပျက်စီးခဲ့ပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် လူသေဆုံးမှု မရှိခဲ့ဘဲ အဆောက်အအုံ အများအပြား ပျက်စီးခဲ့ပါတယ်။

play


ငလျင်ဒဏ်သင့် ဒေသခံတွေအတွက် လျှပ်စစ်ဓာတ်အားနဲ့ ရေထောက်ပံ့ပေးရန် လိုအပ်လျက်ရှိကြောင်း သိရပါတယ်။ ငလျင်ဟာ အောက်တိုဘာ ၃၀ ရက် ဒေသစံတော်ချိန် နံနက် ၇း၄၀ မှာ နော်စီယာမြို့ငယ်အနီး ဗဟိုပြုလှုပ်ခတ်ခဲ့ပြီး အီတလီမြို့တော် ရောမနဲ့ ဗင်းနစ်မြို့တို့မှာလည်း ခံစားသိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

play


အီတလီအလယ်ပိုင်းမှာလည်း အောက်တိုဘာ ၂၆ ရက် ပြင်းအားအဆင့် ၅.၅ နဲ့ ၆.၁ အဆင့်ရှိ ငလျင်နှစ်ခု နာရီပိုင်းသာခြားပြီး လှုပ်ခတ်ခဲ့သေးကြောင်း သိပါတယ်။
Source & Photo: Reuters, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ