International News: ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဗုံးခွဲရန်ကြံစည်မှုကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ဆော်ဒီအစိုးရပြော

ဆော်ဒီနဲ့ ယူအေအီး အသင်းတို့ရဲ့ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ကားဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ခဲ့ကြောင်း အာဏာပိုင်တွေက ဆိုပါတယ်။

play


ဆော်ဒီအာရေဗီးယား အစိုးရက နိုင်ငံအနောက်ပိုင်း ဂျက်ဒါမြို့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ နိုင်ငံတကာ ဘောလုံးပွဲစဉ်တစ်ခုကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်နေမှုအား ဖော်ထုတ်ဟန့်တားခဲ့ကြောင်း ပြောကြားပါတယ်။

play


အကြမ်းဖက်သမားတွေက အောက်တိုဘာ ၁၁ ရက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆော်ဒီနဲ့ ယူအေအီး အသင်းတို့ရဲ့ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ကားဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ခဲ့ကြောင်း အာဏာပိုင်တွေက ဆိုပါတယ်။ ထို့အတူ အိုင်အက်စ်အဖွဲ့က တိုက်ရိုက်စီစဉ်ခဲ့တဲ့ ဒုတိယ အကြမ်းဖက်တိုက်ခိုက်မယ့် အစီအစဉ်ကိုလည်း ဖော်ထုတ်နိုင်ခဲ့ကြောင်း ဆော်ဒီအာဏာပိုင်တွေက ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုမှာ ရီယာ့ဒ်မြို့အနီးရှိ လုံခြုံရေးအရာရှိတွေကို သတ်ဖြတ်ရန် စီစဉ်ထားခြင်း ဖြစ်ပါတယ်။ အကြမ်းသမားအုပ်စုနှစ်ခုမှ သံသယရှိသူ ၈ ဦးကို ဖမ်းဆီးထားကြောင်း ဆော်ဒီအာဏာပိုင်တွေက ပြောပါတယ်။ ဖမ်းဆီးခဲ့သူများမှာ ဆော်ဒီနိုင်ငံသား လေးဦး၊ ပါကစ္စတန် နှစ်ဦး၊ ဆီးရီးယားနဲ့ ဆူဒန် တစ်ဦးစီတို့ဖြစ်ကြောင်း သိရပါတယ်။

အိုင်အက်စ်တို့က ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဆော်ဒီမှာ တိုက်ခိုက်မှုတွေ ပစ်မှတ်ထားလုပ်ဆောင်လာခဲ့ပါတယ်။ ယခုနှစ် ဇူလိုင်လအတွင်းက မဒီနာမြို့မှာ အသေခံဗုံးခွဲမှုကြောင့် လုံခြုံရေးအရာရှိ လေးဦးသေဆုံးခဲ့ပြီး အခြား ငါးဦးဒဏ်ရာရခဲ့ပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ