International News: အိန္ဒိယမှာ အကျဉ်းထောင်စောင့်ကို သတ်ဖြတ်ပြီး အကျဉ်းသားများ လွတ်မြောက်သွား

လွတ်မြောက်သွားတဲ့ အကျဉ်းသားတွေဟာ အကြမ်းဖက်တိုက်ခိုက်ရေး အဖွဲ့ဝင်တွေကို ထောက်ခံအားပေးသူတွေ ဖြစ်ပါတယ်။

play

 

အိန္ဒိယနိုင် အလယ်ပိုင်း ဘိုပါးလ်းမြို့က အကျဉ်းထောင်မှာ ထောင်စောင့်ကို သတ်ဖြတ်ပြီး အကျဉ်းသား ရှစ်ဦးထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရပါတယ်။

လွတ်မြောက်သွားတဲ့ အကျဉ်းသားတွေဟာ အကြမ်းဖက်အစ္စလာမစ်အုပ်စုတွေကို ထောက်ခံသူ တက်ကြွလှုပ်ရှားရေးသမားတွေ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အကျဉ်းသားတွေဟာ အိပ်ရာခင်းတွေကိုအသုံးပြုကာ နံရံကို ကျော်ဖြတ်ထွက်ပြေးသွားကြတာဖြစ်ပါတယ်။ အကျဉ်းထောင်စောင့်ကိုတော့ လည်လှီးသတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

play

 

ပြီးခဲ့တဲ့နှစ်ကလည်း ဒေလီမြို့က လုံခြုံရေးတင်းကြပ်တဲ့ အကျဉ်းထောင်အတွင်း အကျဉ်းသားနှစ်ဦး လွတ်မြောက်ခဲ့ဖူးပြီး ပြန်လည် ဖမ်းမိခဲ့ပါတယ်။ လွတ်မြောက်သွားတဲ့ အကျဉ်းသားတွေဟာ အိန္ဒိယအစ္စလာမစ်လှုပ်ရှားရေး အဖွဲ့ဝင်တွေဖြစ်ပြီး ဗုံးပေါက်ခွဲမှု ပြုလုပ်သူတွေနဲ့ ဆက်စပ်မှု ရှိသူတွေဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၃ ခုနှစ်ကလည်း မဒ္ဒယာပရာဒက်ရှ်မြို့က အကျဉ်းထောင်သန့်စင်ခန်းကို ဖောက်ထွင်းပြီး အိန္ဒိယအစ္စလာမစ်လှုပ်ရှားရေး အဖွဲ့ဝင် အကျဉ်းသား ခြောက်ဦးအပါအဝင် အကျဉ်းသား ခုနှစ်ဦး လွတ်မြောက်ခဲ့ပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ