International News: တရုတ်ကျောက်မီးတွင်း ပေါက်ကွဲမှု ၁၅ ဦးသေဆုံးပြီး ၁၈ ဦး ပိတ်မိပျောက်ဆုံး

ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ကျောက်မီးသွေးတွင်းကို ပုဂ္ဂလိကပိုင်ဖြစ်ပြီး တစ်နှစ်လျှင် ကျောက်မီးသွေတန်ချိန် ၆၀,၀၀၀ ထုတ်လုပ်ရန် လုပ်ကိုင်ခွင့်ရရှိထားပါတယ်။

play


တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ကျောက်မီးသွးတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့မှုကြောင့် မိုင်းတွင်းလုပ်သား ၁၅ ဦး သေဆုံးခဲ့ပြီး အခြား ၁၈ ဦး ပျောက်ဆုံးနေကြောင်း အစိုးရသတင်းဌာနက ပြောပါတယ်။ ချုံကင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ယောင်ချွန်းခရိုင် လာအိုင်ဆူးမြို့ငယ်အတွင်း တည်ရှိတဲ့ ဂျင်ရှန်ဂူး မိုင်းတွင်းမှာ ယနေ့ (အောက်တိုဘာ ၃၁ ရက်) ပေါက်ကွဲမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

play


ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ မိုင်းတွင်းမှာ မီးသတ်တပ်ဖွဲ့ဝင်များနဲ့ မိုင်းတွင်းကျွမ်းကျင်သူများ အပါအဝင် ကယ်ဆယ်ရေးလုပ်သား ၂၀၀ ကျော်က ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေကြောင်း သိရပါတယ်။ ယနေ့ နံနက်ပိုင်းက မိုင်းတွင်း ဂက်စ်ပေါက်ကွဲမှု ဖြစ်ပွားစဉ် မြေအောက်မှာ အလုပ်လုပ်နေတဲ့ မိုင်းတွင်းလုပ်သား ၃၅ ဦး ရှိနေခဲ့ကြောင်းနဲ့ နှစ်ဦးသာလျှင် ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

play


ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုဖြစ်ပြီးနောက် အဆိုပါ ဒေသတွင်းရှိ ကျောက်မီးတွင်းအားလုံးကို ထုတ်လုပ်မှုရပ်ဆိုင်းထားရန် ဒေသအာဏာပိုင်တွေက ညွှန်ကြားခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ကျောက်မီးသွေးတွင်းကို ပုဂ္ဂလိကပိုင်ဖြစ်ပြီး တစ်နှစ်လျှင် ကျောက်မီးသွေတန်ချိန် ၆၀,၀၀၀ ထုတ်လုပ်ရန် လုပ်ကိုင်ခွင့်ရရှိထားပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာမှာ ကျောက်မီးသွေး ထုတ်လုပ်မှုအများဆုံး နိုင်ငံဖြစ်ပြီး အသေအပျောက်များတဲ့ ကျောက်မီးသွေးတွင်း မတော်တဆမှုတွေလည်း ဖြစ်ပွားလေ့ရှိပါတယ်။ တရုတ်နိုင်ငံမှာ ယခုနှစ် မတ်လနဲ့စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ မိုင်းတွင်းမတော်တဆမှုကြောင့် အနည်းဆုံး လူ ၃၇ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ