International News: ထိုင်းဘုရင်သစ် ထီးနန်းဆက်ခံပွဲ ဒီဇင်ဘာလဆန်းတွင် ပြုလုပ်မည်

၆၇ သန်းသော ပြည်သူတွေဟာ ဘုရင်ကြီးအတွက် ဝမ်းနည်းမဆုံးရှိနေကြတုန်းပါပဲ။

play

 

ထိုင်းနိုင်ငံရဲ့ ဘုရင့်အရိုက်အရာ နေရာကို အိမ်ရှေ့မင်းသား မဟာ ဗဂျီရာလောင်ကွန်းက ဒီဇင်ဘာ ၁ ရက်မှာ ဆက်ခံမှာဖြစ်လို့ သတင်းရပါတယ်။ ထိုင်းနိုင်ငံရဲ့ စစ်ဘက်အာဏာပိုင် အရာရှိကြီးနှစ်ဦးက ဒီသတင်းကို ထုတ်ပြောခဲ့တာပါ။ ထီးနန်းဆက်ခံပွဲအတွက် ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။

play

 

ထိုင်းနိုင်ငံရဲ့ သက်တော်ရှည်ဘုရင်ကြီး ဘူမိဘော အဒူလျာဒက်ဟာ အောက်တိုဘာ ၁၃ ရက်က ကံတော်ကုန်သွားခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးချုပ် ပရာယွတ်သ်ချန်အိုချာကတော့ အိမ်ရှေ့စံမင်းသားရဲ့ ထီးနန်းဆက်ခံပွဲဟာ ပုံမှန်အတိုင်းသာဆိုလျှင် ဘုရင်ကြီးကံတော်ကုန်ပြီး ၇ ရက်မှ ၁၅ ရက်အတွင်း သို့မဟုတ် နောက်ပိုင်းမှ ပြုလုပ်သင့်တယ်လို့ ဆိုခဲ့ပါတယ်။ သို့ပါသော်လည်း အိမ်ရှေ့မင်းသားဟာ ပြည်သူတွေအနေနဲ့ ဘုရင်ကြီးအတွက် ပူဆွေးသောကရောက်နေကြတာဖြစ်လို့ နန်းဆက်ခံပွဲကို နောက်မှ ပြုလုပ်လိုကြောင်း ပြောခဲ့တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

Source : CNA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ