International News: အီရတ်တပ်ဖွဲ့များ မိုဆူးလ်အနီးရောက်ရှိပြီး မြို့တွင်းကို ထိုးစစ်ဆင်သိမ်းပိုက်ရန် ပြင်ဆင်

အီရတ် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးတပ်ဖွဲ့မှ ရာနဲ့ချီတဲ့ တပ်ဖွဲဝင်တွေက အောက်တိုဘာ ၃၁ ရက် အရုဏ်တက်ချိန်မှာ မိုဆူးလ်မြို့အနီး နောက်ဆုံးကျေးရွာကို စီးနင်းတိုက်ခိုက်ကာ သိမ်းပိုက်ခဲ့ပါတယ်။

play


အီရတ်အထူးတပ်ဖွဲ့တွေက အိုင်အက်စ်အဖွဲ့ ထိန်းချုပ်ထားတဲ့ မိုဆူးလ်မြို့ရဲ့ အရှေ့ဘက်ဆင်ခြေဖုံးနဲ့ တစ်မိုင်မပြည့်တဲ့ အကွာအဝေးကို ရောက်ရှိချဉ်းကပ်လာနိုင်ခဲ့ပြီး မြို့တွင်းကို ထိုးဖောက်ဝင်ရောက်ရန် ပြင်ဆင်နေကြောင်း သိရပါတယ်။

play


အီရတ် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးတပ်ဖွဲ့မှ ရာနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေက အောက်တိုဘာ ၃၁ ရက် အရုဏ်တက်ချိန်မှာ မိုဆူးလ်မြို့အနီး နောက်ဆုံးကျေးရွာဖြစ်တဲ့ ဘက်ဇ်ဝါယာကို စီးနင်းတိုက်ခိုက်ကာ သိမ်းပိုက်ခဲ့ပါတယ်။

play


အဆိုပါ ကျေးရွာကို အီရတ်တပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းချိန်မှာ ယာဉ်တန်းကို ကားဗုံးခွဲတိုက်ခိုက်ပြီး ခုခံမှုအချို့ ရှိခဲ့ကြောင်း အီရတ်တပ်ဖွဲ့နဲ့အတူ လိုက်ပါသွားတဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။ ထိုအတောအတွင်း အီရတ်စစ်တပ်ရဲ့ အခြား တပ်မတစ်ခုကလည်း မိုဆူးလ်မြို့တောင်ပိုင်းမှ ထိုးစစ်ဆင်နေကြောင်း သိရပါတယ်။

play


အစောပိုင်းက တီဂရစ်မြစ်ရဲ့ အရှေ့ဘက်ရှိ မိုဆူးလ်မြို့ဒေသတွေကို ပြန်လည် သိမ်းပိုက်ရန် စစ်ဆင်ရေးစတင်နေပြီလို့ အီရတ်စစ်တပ်က ကြေညာထားခဲ့ပါတယ်။

play


မိုဆူးလ်မြို့ကို အိုင်အက်စ်တို့ထံမှ ပြန်လည် သိမ်းပိုက်ရန် အီရတ်တပ်ဖွဲ့နဲ့ မဟာမိတ်များ ပူးပေါင်းစစ်ဆင်ရေး ဆောင်ရွက်နေရာ မြို့အတွင်းရှိ အရပ်သားများကို အိုင်အက်စ်တို့က လူသားဒိုင်းများအဖြစ် အသုံးချနေကြောင်း သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
Source & Photo: AFP, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ