International News: နိုင်ငံရေးမှာစွက်ဖက်မှုဖြင့် တောင်ကိုရီးယားသမ္မတရဲ့သူငယ်ချင်း အဖမ်းခံရ

, updated

သက်သေ အထောက်အထားများကို ဖျက်ဆီးပစ်နိုင်တာကြောင့် အရေးပေါ်ဆိုင်ရာ ထိန်းသိမ်းမှုအရ ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။

play
ဖမ်းဆီးခံရသည့် တောင်ကိုရီးယားသမ္မတ၏ သူငယ်ချင်းအမျိုးသမီး


တောင်ကိုရီးယားမှာ သမ္မတပတ်ဂွန်ဟေးရဲ့ သမ္မတရာထူးကို လှုပ်ခတ်စေခဲ့တဲ့ နိုင်ငံရေးအရှုပ်အထွေး ဖြစ်ပေါ်ခဲ့မှုမှာ အဓိက ပါဝင်ပတ်သက်ခဲ့သူ အမျိုးသမီးကို အောက်တိုဘာ ၃၁ ရက် နှောင်းပိုင်းက ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။ ယမန်နေ့နှောင်းပိုင်းက ဒေသဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူးများ ရုံးသို့ရောက်ရှိလာခဲ့ပြီးနောက် အဆိုပါ အမျိုးသမီးကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

play


ချိုဆွန်ဆေးလ်အမည်ရှိ အမျိုးသမီးဟာ သမ္မတပတ်ဂွန်ဟေးနဲ့ သူငယ်ချင်းဖြစ်မှုကို အသုံးချပြီး နိုင်ငံတော်အဆင့် စာရွက်စာတမ်းများကို ကြည့်ရှုနိုင်ခွင့်နဲ့ အကျိုးအမြတ်မပါတဲ့ ဖောင်ဒေးရှင်းများမှတစ်ဆင့် သူမအတွက် ပုဂ္ဂိလိကခံစားခွင့်များ ရခဲ့ခြင်းရှိ မရှိ မေးမြန်းစစ်ဆေးခဲ့ပါတယ်။

play
တောင်ကိုရီးယားသမ္မတ ပတ်ဂျွန်ဟီး


ချိုဆွန်ဆေးလ်က သူမထံမှ သက်သေ အထောက်အထားများကို ဖျက်ဆီးပစ်နိုင်တာကြောင့် အရေးပေါ်ဆိုင်ရာ ထိန်းသိမ်းမှုအရ ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ယွန်ဟပ်သတင်းဌာနာက ပြောပါတယ်။ သူမကို ဆိုးလ်မြို့ရှိ အကျဉ်းထောင်သို့ ခေါ်ဆောင်သွားကြောင်းလည်း ယွန်ဟပ်က ဆိုပါတယ်။

play
တောင်ကိုရီးယားသမ္မတနှင့် သူငယ်ချင်း မျက်နှာဖုံးများ တပ်ဆင်ပြီး ဆန္ဒပြခဲ့စဉ်


အစိုးရ စုံစမ်းစစ်ဆေးရေးမှူးတွေနဲ့ ချိုဆွန်ဆေးလ်ရဲ့ ရှေ့နေတွေကတော့ ယခုကိစ္စနဲ့ ပတ်သက်ပြီး ယနေ့ (နိုဝင်ဘာ ၁ ရက်) အစောပိုင်းအထိ မှတ်ချက်တစ်စုံတရာ ပြောကြားခြင်း မရှိဘူးလို့ ဆိုပါတယ်။ တောင်ကိုရီးယားဥပဒေအရ သံသယရှိသူတစ်ဦးအား အရေးပေါ် အခြေအနေအရ ဖမ်းဝရမ်းမပါဘဲ ၄၈ နာရီကြာ ဖမ်းဆီးထိန်းသိမ်းထားနိုင်ပါတယ်။

play
တောင်ကိုရီးယားသမ္မတ ပတ်ဂျွန်ဟီး နုတ်ထွက်ပေးရန် ဆန္ဒပြစဉ်


သမ္မတရဲ့မိန့်ခွန်းများကို ပြင်ဆင်ခွင့်ပြုခြင်း အပါအဝင် နိုင်ငံရေးကိစ္စတွေမှာ သမ္မတပတ်ဂွန်ဟေးက သူမရဲ့သူငယ်ချင်းဖြစ်သူ ချိုဆွန်ဆေးလ်ကို ပါဝင်စွက်ဖက်ခွင့်ပြုခဲ့ခြင်းကြောင့် ဆိုးလ်နဲ့ ဘူဆန်ကဲ့သို့ မြို့ကြီးတွေမှာ သမ္မတနုတ်ထွက်ရေး ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ကြောင်း သိရပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ