International News: အိန္ဒိယနဲ့ ပါကစ္စတန် အပြန်အလှန် ပစ်ခတ်မှုများကြောင့် သေဆုံးသူ ၂၄ ဦးရှိလာ

၂၀၀၃ ခုနှစ် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားမှုကို ချိုးဖောက်ကြောင်း အိန္ဒိယနဲ့ ပါကစ္စတန်တို့က အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။

play


အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံနယ်စပ် ကက်ရှ်မီးယားဒေသမှာ အောက်တိုဘာ ၂၈ ရက်ကစပြီး အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် သေဆုံးသူ အနည်းဆုံး ၂၄ ဦး ရှိပြီဖြစ်ကြောင်း သိရပါတယ်။

play


နိုဝင်ဘာ ၁ ရက်က ပါကစ္စတန်ဘက်က အမြောက်ဆန်ထိမှန်မှုကြောင့် ကလေးနှစ်ဦး အပါအဝင် အရပ်သား ၈ ဦး သေဆုံးခဲ့ကြောင်း အိန္ဒိယအာဏာပိုင်တွေက ပြောပါတယ်။

play


ပါကစ္စတန်ကလည်း အိန္ဒိယဘက်က ပစ်ခတ်မှုကြောင့် ၎င်းတို့ပိုင်နက်အတွင်း အောက်တိုဘာ ၃၁ ရက်မှာ အရပ်သားခြောက်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

play


ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်က ကက်ရှ်မီးယားရှိ အိန္ဒိယစစ်စခန်း တိုက်ခိုက်ခံရမှုအတွင်း စစ်သားများသေဆုံးခဲ့ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတင်းမာလာခဲ့တာ ဖြစ်ပါတယ်။

play


နိုဝင်ဘာ ၁ ရက်က ပစ်ခတ်မှုအတွင်း ပါကစ္စတန်စစ်သားနှစ်ဦးလည်း သေဆုံးခဲ့ကြောင်း အိန္ဒိယစစ်ဘက်က ပြောပါတယ်။ ၂၀၀၃ ခုနှစ်က သဘောတူညီထားခဲ့တဲ့ အပစ်အခတ်ရပ်စဲမှုကို ချိုးဖောက်ကြောင်း အိန္ဒိယနဲ့ ပါကစ္စတန်တို့က အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။

လတ်တလောမှာ နယ်စပ်ဒေသ ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ