International News: နာဇီဝတ်စုံဝတ် အမျိုးသမီးအဆိုတော်အဖွဲ့ကြောင့် ဆိုနီကုမ္ပဏီတောင်းပန်ခဲ့ရ

၂၀၁၅ ခုနှစ်ကမှ ပွဲထွက်ခဲ့တဲ့အဖွဲ့ဟာ ဂျပန်မှာ အတော်လေးနာမည်ကြီးတဲ့အဖွဲ့ပါ။

play

 

ဂျပန်နိုင်ငံက Sony Music ကုမ္ပဏီဟာ အင်္ဂါနေ့မှာ ပြည်သူပြည်သားတွေကို တောင်းပန်သမှု ပြုခဲ့ရပါတယ်။ ပေါ်ပြူလာဖြစ်နေတဲ့ Keyakizaka46  အမျိုးသမီးအဆိုတော်အဖွဲ့က နာဇီခေတ် ဂျာမန်စစ်ဝတ်စုံတွေပုံစံနဲ့ ဖျော်ဖြေခဲ့ကြလို့ပါ။

play

 

Keyakizaka46  အဖွဲ့ကို ဆယ်ကျော်သက်တွေနဲ့ဖွဲ့စည်းထားပြီး ဖျော်ဖြေပွဲကိုတော့ အောက်တိုဘာ ၂၂ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဝတ်စုံတွေက နာဇီပုံစံတွေနဲ့ တူနေတဲ့အပေါ် ပြည်သူတွေက ဒေါသထွက်ခဲ့ကြတာကြောင့် ကုမ္ပဏီက ပြန်တောင်းပန်လိုက်ရပါတယ်။

တောင်းပန်စာကို ဆိုနီဝက်ဘ်ဆိုက်မှာ ဖော်ပြထားပြီး စာထဲမှာတော့ နောက်နောင် ယခုလိုထပ်မဖြစ်အောင် ဆင်ခြင်မယ့်အကြောင်းလည်း ရေးသားထားပါတယ်။

Source : Telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ