International News: လစ်ဗျားကမ်းလွန်မှာ ဒုက္ခသည်လှေမှောက်ပြီး ၂၄၀ ခန့် သေဆုံး

ယခုနှစ်အတွင်း အန္တရာယ်များတဲ့ မြေထဲပင်လယ်ခရီးကို ဖြတ်သန်းကာ ဥရောပသို့ ထွက်ပြေးခိုလှုံကြတဲ့ ဒုက္ခသည် ၄,၂၀၀ သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

play


လစ်ဗျားနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ ဒုက္ခသည်များ တင်ဆောင်လာတဲ့ စက်လှေနှစ်စင်း တိမ်းမှောက်မှုဖြစ်ခဲ့ရာ လူ ၂၄၀ ခန့် ရေနစ်သေဆုံးခဲ့ကြောင်း ရွှေ့ပြောင်းဒုက္ခသည်များဆိုင်ရာ တာဝန်ရှိသူတွေက ယနေ့ ပြောပါတယ်။

play


စက်လှေတိမ်းမှောက်မှုအတွင်း အသက်ရှင်ကျန်ရစ်ခဲ့သူတွေကို အီတလီကျွန်းတစ်ကျွန်းသို့ ခေါ်ဆောင်လာခဲ့ပြီး ၎င်းတို့ရဲ့ ပြောကြားမှုအရ လူသေဆုံးမှု အခြေအနေကို သိခဲ့ရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဆိုပါတယ်။

play


ရေနစ်သေဆုံးခဲ့သူတွေရဲ့ အလောင်းတွေကို ပြန်လည် ဆယ်ယူနိုင်ခြင်း မရှိခဲ့ကြောင်း သိရပါတယ်။ ယခုနှစ်အတွင်း အန္တရာယ်များတဲ့ မြေထဲပင်လယ်ခရီးကို ဖြတ်သန်းကာ ဥရောပသို့ ထွက်ပြေးခိုလှုံကြတဲ့ ဒုက္ခသည် ၄,၂၀၀ သေဆုံးခဲ့ပြီးဖြစ်ကြောင်း နိုင်ငံတကာ ရွှေ့ပြောင်းဒုက္ခသည်များဆိုင်ရာ အဖွဲ့အစည်းမှ ပြောခွင့်ရပုဂ္ဂိုလ် လီယိုနာ့ဒ်ဒွိုင်လီက ပြောပါတယ်။

play


ကုလမသဂ္ဂရဲ့ စာရင်းအချက်အလက်များအရ ၂၀၁၆ ခုနှစ်ဟာ နိုင်ငံစွန့်ခွာ ထွက်ပြေးခိုလှုံတဲ့ ရွှေ့ပြောင်းဒုက္ခသည်များ သေဆုံးမှုအများဆုံးနှစ် ဖြစ်နိုင်ကြောင်းလည်း သိရပါတယ်။

ယခုနှစ်အတွင်း လက်ရှိအချိန်ထိ စာရင်းများအရ ရွှေ့ပြောင်းဒုက္ခသည် ၃၃၀,၀၀၀ နီးပါး ပင်လယ်ပြင်ကို ဖြတ်သန်းခဲ့ကြောင်းနဲ့ ၂၀၁၅ ခုနှစ်မှာတော့ ဒုက္ခသည်တစ်သန်းကျော် ပင်လယ်ပြင်ဖြတ်သန်းကာ ထွက်ပြေးခိုလှုံခဲ့တယ်လို့ ဆိုပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ