International News: အာဖဂန်မှာ တာလီဘန်နဲ့ တိုက်ပွဲအတွင်း အရပ်သား ၃၀ သေဆုံး

တာလီဘန်စစ်သွေးကြွတွေက အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေကို ဝိုင်းဝန်းပိတ်ဆို့ထားခဲ့ပြီးနောက် NATO ရဲ့ လေကြောင်းတိုက်ခိုက်မှု အကူအညီ တောင်းခံခဲ့တာ ဖြစ်ပါတယ်။

play


အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းမှာ NATO အဖွဲ့ အကူအညီအဖြင့် ပြုလုပ်ခဲ့တဲ့ အာဖဂန် လုံခြုံရေးတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးတစ်ခုအတွင်း အရပ်သား ၃၀ သေဆုံးခဲ့ကြောင်း အာဖဂန်တာဝန်ရှိသူတွေက ပြောပါတယ်။ ပြည်နယ်အာဏာပိုင်တွေရဲ့ အဆိုအရ NATO ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

play


တာလီဘန်စစ်သွေးကြွတွေက အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေကို ဝိုင်းဝန်းပိတ်ဆို့ထားခဲ့ပြီးနောက် NATO ရဲ့ လေကြောင်းတိုက်ခိုက်မှု အကူအညီ တောင်းခံခဲ့တာ ဖြစ်ပါတယ်။ စစ်ဆင်ရေးအတွင်း တာလီဘန်တို့ ဝိုင်းဝန်ပိတ်ဆို့ခံရတဲ့ အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေက အရပ်သား နေအိမ်များအတွင်း ဝင်ရောက်နေရာယူခဲ့ကြတယ်လို့ ဆိုပါတယ်။

play


NATO အဖွဲ့က အာဖဂန်မှာ အရပ်သားများ သေဆုံးခဲ့တဲ့ သတင်းများကို စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောပါတယ်။ တိုက်ခိုက်မှုများအတွင်း အမေရိကန် စစ်သားနှစ်ဦးလည်း သေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

play


အာဖဂန်မြောက်ပိုင်း ခွန်ဒုဇ်မြို့မှာ ဖြစ်ပွားတဲ့ တိုက်ခိုက်မှုများအတွင်း အရပ်သားများ သေဆုံးတာဖြစ်ပြီး အခြား အရပ်သား ၂၅ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။ ခွန်ဒုဇ် စစ်ဆင်ရေးအတွင်း တာလီဘန် ၂၆ ဦး သေဆုံးကြောင်း အာဖဂန် တာဝန်ရှိသူတွေက ပြောကြားပေမဲ့ တာလီဘန်တို့ကတော့ ၎င်းတို့ရဲ့ တိုက်ခိုက်ရေးသမား သုံးဦးသာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
Source & Photo: BBC, Aljazeera,

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ