International News: အသုံးပြုစဉ် ဒဏ်ရာရနိုင်မှုကြောင့် ဆမ်ဆောင်း အဝတ်လျှော်စက် ၂.၃ သန်းကို ပြန်သိမ်းမည်

အဝတ်လျှော်စက်တွေရဲ့ အဝတ်ထည့်ကန်ဟာ အသုံးပြုနေစဉ် အလွန်အမင်း တုန်ခါမှုဖြစ်ကြောင်း ပြောကြားမှု ၇၃၃ ခုကိုလည်း လက်ခံရရှိခဲ့တယ်လို့ ဆမ်ဆောင်းက ပြောပါတယ်။

play


Galaxy Note 7 စမတ်ဖုန်းများ ပေါက်ကွဲမီးလောင်မှုကြောင့် ကမ္ဘာတစ်ဝန်းမှ ပြန်လည် သိမ်းဆည်းခဲ့ရပြီး ထုတ်လုပ်ရောင်းချမှု ရပ်ဆိုင်းခဲ့တဲ့ ဆမ်ဆောင်း အီလက်ထရောနစ် ကုမ္ပဏီဟာ ယခုအခါ အဝတ်လျှော်စက်များကိုလည်း အလားတူ ပြန်လည် သိမ်းဆည်းသွားမယ်လို့ ဆိုပါတယ်။

play


ဆမ်ဆောင်း အဝတ်လျှော်စက်များ အသုံးပြုရာမှ ဒဏ်ရာရမှုတွေ ရှိခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် အမေရိကန်မှာ ရောင်းချထားတဲ့ အဝတ်လျှောက်စက် ၂.၈ သန်းကို ပြန်လည်သိမ်းဆည်းမယ်လို့ ဆမ်ဆောင်းက ယနေ့ (နိုဝင်ဘာ ၄ ရက်) ပြောကြားခဲ့ပါတယ်။

play


ဆမ်ဆောင်း အဝတ်လျှောက်စက်တွေ အသုံးပြုစဉ် ချို့ယွင်းချက်ကြောင့် ဒဏ်ရာရနိုင်တဲ့ အန္တရာယ်ရှိကြောင်း အမေရိကန် Consumer Product Safety Comission က သတိပေးထားပါတယ်။ အဝတ်လျှောက်စက် အသုံးပြုစဉ် ဒဏ်ရာရရှိတဲ့ဖြစ်ရပ် ၉ ခုရှိခဲ့ကြောင်း သိရပါတယ်။

play


ဆမ်ဆောင်း အဝတ်လျှော်စက်တွေရဲ့ အဝတ်ထည့်ကန်ဟာ အသုံးပြုနေစဉ် အလွန်အမင်း တုန်ခါမှုဖြစ်ကြောင်း ပြောကြားမှု ၇၃၃ ခုကိုလည်း လက်ခံရရှိခဲ့တယ်လို့ ဆမ်ဆောင်းက ပြောပါတယ်။

အမေရိကန်မှာ ရောင်းချထားပြီး ပြန်လည် သိမ်းဆည်းသွားမယ့် ဆမ်ဆောင်း အဝတ်လျှော်စက်များမှာ ၂၀၁၁ ခုနှစ် မတ်လနဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလကြား ထုတ်လုပ်ခဲ့တဲ့ မော်ဒယ် ၃၄ မျိုး ပါဝင်ပြီး တန်ဖိုးအားဖြင့် မြန်မာငွေ ၅၇၀,၀၀၀ ကျော်မှ ၁၉ သိန်းကျော်ဖြစ်ကြောင်း သိရပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ