International News: တူရကီမှာ အင်တာနက်ပေါ်က လူသုံးများတဲ့ဝက်ဘ်ဆိုက်တွေကို ပိတ်ပင်

ဝက်ဘ်ဆိုက်တွေကို ၀င်လို့မရတော့ပါဘူး။

play

 

တူရကီနိုင်ငံမှာ အင်တာနက်တစ်ခုလုံးနီးပါး သုံးမရအောင် ဖြစ်နေတယ်လို့ သိရပါတယ်။ အင်တာနက်ပေါ်က အကြီးမားဆုံးဝက်ဘ်ဆိုက်တွေနဲ့ ဖေ့စ်ဘွတ်၊ WhatsApp ၊ YouTube ၊ Twitter တို့လို လူသုံးများတဲ့လူမှုကွန်ရက်တွေကိုလည်း ပိတ်ပင်ထားပါတယ်။ အထူးသဖြင့် နိုင်ငံအနောက်ဘက်ခြမ်းမှာဆိုရင် ယင်းဝက်ဘ်ဆိုက်တွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဖွင့်ကြည့်ဖို့ ခက်ခဲအောင် အစိုးရကတားဆီးထားတာပါ။

play

 

ဝက်ဘ်ဆိုက်တွေကို ဝင်ကြည့်မယ်ဆို အရမ်းကိုနှေးကွေးလေးလံနေပြီး ဝင်ကြည့်ဖို့ ခက်ခဲနေသူတွေရှိသလို လုံးဝဥဿုံ ဝင်ကြည့်လို့မရသူတွေလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက သာမန်အတိုင်းအသုံးပြုလို့ရနေခဲ့ပါသေးတယ်။ အချို့တွေကတော့ ဒီလိုမျိုး အင်တာနက်ကို ပိတ်ပင်တာဟာ နိုင်ငံရေးလှုပ်ရှားသူတွေကို တားဆီးလိုတာကြောင့် ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးနေကြပါတယ်။

Source : Independent

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ