International News: မူးယစ်မှုနဲ့ဆက်နွယ်တဲ့ ဖိလစ်ပိုင် မြို့အုပ်ချုပ်ရေးမှူး ထောင်တွင်းမှာ ပစ်သတ်ခံရ

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက မူးယစ်ဆေးဝါး ရောင်းဝယ်ကြောင်း သံသယရှိသူတွေကို နှိမ်နင်းမှုအား တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ကြွေးကြော်ထားပါတယ်။

play
အကျဉ်းထောင်အတွင်း ပစ်သတ်ခံခဲ့ရသည့် မြို့အုပ်ချုပ်ရေးမှူး ရိုလန်ဒို အက်စ်ပီနိုဆာ။


ဖိလစ်ပိုင်နိုင်ငံမှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ ဆက်နွယ်တဲ့ မြို့အုပ်ချုပ်ရေးမှူးတစ်ဦး အကျဉ်းထောင်အတွင်း ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။ ဖိလစ်ပိုင်အလယ်ပိုင်း အယ်လ်ဘူအီရာမြို့ အုပ်ချုပ်ရေးမှူး ရိုလန်ဒို အက်စ်ပီနိုဆာကို မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ ဆက်နွယ်တာကြောင့် ဖမ်းဆီးထားတတာ ဖြစ်ပါတယ်။

play
ဖိလစ်ပိင်သမ္မတ ဒူတာတေး


ရိုလန်ဒိုရဲ့ အကျဉ်းထောင်အခန်းတွင်း လက်နက်ရှာဖွေခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ၎င်းက ပစ်ခတ်ခဲ့ရာမှ ရဲတပ်ဖွဲ့ဝင်တွေက ပြန်လည် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးကလည်း မူးယစ်ဆေးဝါး ရောင်းဝယ်ကြောင်း သံသယရှိသူတွေကို နှိမ်နင်းမှုအား တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ကြွေးကြော်ထားပါတယ်။

play
ဖိလစ်ပိုင်ရဲချုပ်နှင့်အတူ တွေ့ရသည့် အကျဉ်းထောင်အတွင်း ပစ်သတ်ခံရတဲ့ မြို့အုပ်ချုပ်ရေးမှူး။


သမ္မတဒူတာတေး တိုးမြှင့်လုပ်ဆောင်သွားမယ့် မူးယစ်ဆေးဝါး နှိမ်နင်းမှုစစ်ဆင်ရေးမှာ မြို့အုပ်ချုပ်ရေးမှူးတွေနဲ့ ထိပ်တန်းမူးယစ်ရာဇာတွေကို ပစ်မှတ်ထားသွားမယ်လို့လည်း သိရပါတယ်။

play
အောက်တိုဘာ ၂၈ ရက်က ရဲတပ်ဖွဲ့နဲ့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည့် မူးယစ်ဆေးဝါးမှုဖြင့် သံသယရှိနေသည့် မြို့အုပ်ချုပ်ရေးမှူး။


အောက်တိုဘာ ၂၈ ရက်ကလည်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် သံသယရှိ မြို့အုပ်ချုပ်ရေးမှူးနဲ့ သက်တော်စောင့် ၉ ဦးလည်း ရဲတပ်ဖွဲ့က ၎င်းတို့ယာဉ်တန်းကို ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးစဉ် ပစ်ခတ်မှုဖြစ်ပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။

play


ဖိလစ်ပိုင်မှာ ဒူတာတေး သမ္မတဖြစ်လာပြီးနောက် ၎င်းရဲ့မူးယစ်ဆေးဝါး နှိမ်းနင်မှုစစ်ပွဲအတွင်း လူ ၄,၀၀၀ အထိ သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ သမ္မတဒူတာတေးက မူးယစ်ဆေးဝါးမှု အပါအဝင် ရာဇဝတ်မှုများ တိုက်ဖျက်နှိမ်နင်းရာမှာ ရဲတပ်ဖွဲ့အပြင် ပြည်သူတွေကိုပါ အသေပစ်သတ်ခွင်ပြုထားခဲ့ပါတယ်။

play


၎င်းရဲ့ ကြမ်းတမ်းပြင်းထန်တဲ့ ရာဇဝတ်မှု နှိမ်နင်းရေး အစီအစဉ်တွေအပေါ် ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာက ဝေဖန်မှုတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ