International News: စင်ကာပူလေယာဉ် ငှက်နဲ့တိုက်မိပြီး လေကာမှန်ကွဲလို့ နောက်ပြန်လှည့်ဆင်းသက်ရ

လေကြောင်းခရီးစဉ် TR2067 လေယာဉ်ဟာ စနေနေ့ (နိုဝင်ဘာ ၅ ရက်) က ပျံသန်းနေစဉ် ငှက်နဲ့တိုက်မိခဲ့တာကြောင့် လေကာမှန်ကွဲခဲ့ပြီး ဟောင်ကောင်ကို ပြန်လှည့်ဆင်းသက်ခဲ့ရပါတယ်။

play


စင်ကာပူအခြေစိုက် Tigerair လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်ဟာ ဟောင်ကောင်မှ စင်ကာပူသို့ ပျံသန်းလာစဉ် ငှက်နဲ့တိုက်မိပြီး လေကာမှန်ကွဲသွားတာကြောင့် ဟောင်ကောင်ကို ပြန်လှည့်ကာ ဆင်းသက်ခဲ့ရပါတယ်။

Tigerair လေကြောင်းလိုင်းမှ ခရီးစဉ် TR2067 လေယာဉ်ဟာ စနေနေ့ (နိုဝင်ဘာ ၅ ရက်) က ပျံသန်းနေစဉ် ငှက်နဲ့တိုက်မိခဲ့တာကြောင့် လေကာမှန်ကွဲခဲ့ပြီး ဟောင်ကောင်ကို ပြန်လှည့်ဆင်းသက်ကာ ပြင်ဆင်ခဲ့ရတာ ဖြစ်ပါတယ်။

play


Airbus A320-232 အမျိုးအစား ခရီးသည်လေယာဉ်ဟာ ဟောင်ကောင်မှ ည ၇ နာရီခွဲဝန်းကျင်မှာ ထွက်ခွာပျံသန်းလာပြီး စင်ကာပူကို ည ၁၀း၄၅ မှာ ရောက်ရှိရမှာ ဖြစ်ပေမဲ့ ဟောင်ကောင်မှ ပျံတက်အပြီး မကြာမီမှာပင် နောက်ပြန်လှည့်သွားကာ ည ၈း၃၄ မှာ ဟောင်ကောင်မှာ ပြန်လည် ဆင်းသက်ခဲ့ရကြောင်း FlightAware ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။

အဆိုပါ လေယာဉ်နဲ့လိုက်ပါတဲ့ ခရီးသည် ၁၅၆ ဦးကို Tigerair ရဲ့ အခြား လေကြောင်းခရီးစဉ်များဖြင့် စင်ကာပူသို့ ပျံသန်းနိုင်ရန် စီစဉ်ပေးခဲ့ကြောင်း လေကြောင်းလိုင်း တာဝန်ရှိသူက ပြောပါတယ်။
Souce & Photo: CNA, FlightAware

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ