play

 

အမေရိကန် ရွေးကောက်ပွဲ ကျင်းပမယ့် နိုဝင်ဘာ ၈ ရက်နေ့ ရောက်တဲ့အခါ အမေရိက ပြည်နယ်အများစုကို အကြမ်းဖက်တိုက်ခိုက်ဖို့ အိုက်အက်စ်အကြမ်းဖက်အဖွဲ့က တပ်သားတွေကို ညွှန်ကြားထားကြောင်း သိရပါတယ်။

play

 

ဟီလာရီကလင်တန်နဲ့ ဒေါ်နယ်ထရမ့်တို့ ယှဉ်ပြိုင်ကြမယ့် ဒီရွေးကောက်ပွဲ နေ့ရက်ကို ရွေးပြီး အခုလို တိုက်ခိုက်အကြမ်းဖက်မှုတွေလုပ်ဖို့ အကြမ်းဖက်အဖွဲ့အစည်းတွေ ပြင်ဆင်နေကြတာပါ။ အမေရိကန်နိုင်ငံအတွင်းက မွတ်စလင် ဘာသာဝင်တွေကိုလည်း ရွေးကောက်ပွဲမှာ မဲရုံတွေကို မဲသွားမပေးကြဖို့ အိုက်အက်စ်က တိုက်တွန်းထားကြောင်း သိရပါတယ်။

play

 

အယ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့ကလည်း ရွေးကောက်ပွဲနေ့မှာ တက္ကဆက်၊ နယူယော့ခ်နဲ့ ဗာဂျီးနီးယား ပြည်နယ်တွေမှာ တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ စီစဉ်နေကြောင်း အကြမ်းသမားတွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်နေတဲ့ SITE အဖွဲ့က သတိပေးထားပါတယ်။ တိုက်ခိုက်နိုင်တဲ့ နေရာတွေကို ခန့်မှန်းချေသာ သိထားကြသေးပြီး အတိအကျ မသိရသေးပါဘူး။

အိုက်အက်စ်အကြမ်းဖက်အဖွဲ့က ဒီမိုကရက်တစ်ထောက်ခံသူ၊ ရီပါဘလစ်ကန်ထောက်ခံသူဆိုပြီး ခွဲခြားတိုက်ခိုက်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

play

 

အမေရိကန် ရွေးကောက်ပွဲမှာ အွန်လိုင်းကတစ်ဆင့် မဲပေးလို့ရတဲ့အတွက် ဟက်ကာတွေက ထိုးဖောက်တိုက်ခိုက်ပြီး ရွေးကောက်ပွဲရလဒ်ကို ကမောက်ကမ ဖြစ်အောင်လုပ်မှာကိုလည်းအမေရိကန် အစိုးရအဖွဲ့ စိုးရိမ်နေရပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video