International News: ဖိလစ်ပိုင်ရဲတပ်ဖွဲ့အတွက် အမေရိကန်ရိုင်ဖယ်များ ဝယ်ယူမည့်အစီအစဉ် ဒူတာတေး ဖျက်သိမ်း

ကာလရှည်ကြာ အနီးကပ် မဟာမိတ်များအဖြစ် လက်တွဲလာခဲ့တဲ့ ဖိလစ်ပိုင်နဲ့ အမေရိကန် ဆက်ဆံရေးမှာ သမ္မတဒူတာတေး အာဏာရလာပြီးနောက် အေးစက်လာခဲ့ပါတယ်။

  play
ဖိလစ်ပိုင်သမ္မတ ဒူတာတေး


ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ရဲတပ်ဖွဲ့အတွက် အမေရိကန်နိုင်ငံမှ ရိုင်ဖယ်သေနတ်များ ဝယ်ယူမယ့် အစီအစဉ်ကို ဖျက်သိမ်းရန် ညွှန်ကြားလိုက်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့လအတွင်း အမေရိကန်လွှတ်တော် အထောက်အကူပြုအဖွဲ့က ဖိလစ်ပိုင်မှ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် စိုးရိမ်မှုကြောင့် လက်နက်ရောင်းချမှုများ ရပ်ဆိုင်းထားခဲ့ပါတယ်။

play
ဖိလစ်ပိုင်သမ္မတနှင့် ရဲတပ်ဖွဲ့အကြီးအကဲများ


ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အမေရိကန်ထံမှ ဈေးကြီးတဲ့ လက်နက်တွေဝယ်ယူရန် အသည်းအသန် ဖြစ်မနေကြောင်း၊ အမေရိကန်မှ မဟုတ်ဘဲ အခြားနိုင်ငံမှလည်း လက်နက်များဝယ်နိုင်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ အမေရိကန်ထံမှ လက်နက်ဝယ်ယူမယ့် အစီအစဉ်ကို ဖျက်သိမ်းရန် ညွှန်ကြားထားကြောင်းနဲ့ အမေရိကန်ကို မလိုအပ်ကြောင်းလည်း ဒူတာတေးက ဆိုပါတယ်။

play
သမ္မတဒူတာတေးနှင့် ဖိလစ်ပိုင်ရဲချုပ်


အမေရိကန် လက်နက်ကဲ့သို့ပင် ကောင်းမွန်ပြီး ဈေးနှုန်းသက်သာတဲ့ လက်နက်ဝယ်ယူနိုင်မယ့် အခြားနိုင်ငံကို ရှာဖွေသွားမယ်လို့ ဒူတာတေးက ပြောပါတယ်။ ရုရှားနဲ့ တရုတ်တို့က ဖိလစ်ပိုင်ကို လက်နက်များရောင်းချရန် ဆန္ဒရှိနေကြောင်းလည်း ဒူတာတေးက ပြောပါတယ်။

play
ဖိလစ်ပိုင်ရဲတပ်ဖွဲ့ဝင်များ


ကာလရှည်ကြာ အနီးကပ် မဟာမိတ်များအဖြစ် လက်တွဲလာခဲ့တဲ့ ဖိလစ်ပိုင်နဲ့ အမေရိကန် ဆက်ဆံရေးမှာ သမ္မတဒူတာတေး အာဏာရလာပြီးနောက် အေးစက်လာခဲ့ပါတယ်။ သမ္မတဒူတာတေးက ဖိလစ်ပိုင်မှာ တပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့တွေကိုလည်း နိုင်ငံအတွင်းမှ ဖြစ်နိုင်ပါက ၂ နှစ်အတွင်း ထွက်ခွာစေလိုကြောင်းလည်း ပြောကြားထားပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ