International News: အမေရိကန်သမ္မတရွေးကောက်ပွဲကို ကမ္ဘာ့အပြင်ဘက်မှ မဲပေးခဲ့

ကမ်းဘရော့က သမ္မတရွေးကောက်ပွဲမှာ ဟီလာရီကလင်တန်နဲ့ ဒေါ်နယ်ထရန့် မည်သူ့ကို မဲပေးရွေးချယ်ခဲ့ကြောင်းကိုတော့ ပြောကြားခြင်း မရှိဘူးလို့ ဆိုပါတယ်။

play


နိုဝင်ဘာ ၈ ရက် အမေရိကန်သမ္မတရွေးကောက်ပွဲကို ကမ္ဘာ့အပြင်ဘက်မှ မဲပေးမှု ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း နာဆာအဖွဲ့က ယမန်နေ့ (နိုဝင်ဘာ ၇ ရက်) က ပြောပါတယ်။ နိုင်ငံတကာ အာကာသစခန်းမှာ ရောက်ရှိနေတဲ့ အမေရိကန် အာကာသယာဉ်မှူး ရှိန်းကမ်ဘရော့က အမေရိကန်သမ္မတရွေးကောက်ပွဲကို အာကာသအတွင်းမှ မဲပေးခဲ့တာ ဖြစ်ပါတယ်။

play


အာကာသာယာဉ်မှူး ကမ်းဘရော့ဟာ ရုရှားရဲ့ ဆိုယုဇ်အာကာသယာဉ်ဖြင့် အောက်တိုဘာ ၁၉ ရက်က နိုင်ငံတကာ အာကာသစခန်းကို ထွက်ခွာသွားခဲ့ပြီး ရုရှား အာကာသယာဉ်မှူးနှစ်ဦးနဲ့အတူ အာကာသအတွင်း လေးလကြာ နေထိုင်သွားမှာ ဖြစ်ပါတယ်။ အမေရိကန် အာကာသယာဉ်မှူးတွေဟာ တက္ကဆက်ပြည်နယ် ဥပဒေအရ ၁၉၉၇ ခုနှစ်ကတည်းက အာကာသအတွင်းမှ မဲပေးခွင့်ရရှိထားပါတယ်။

play


အာကာသယာဉ်မှူး အများစုဟာ နာဆာအဖွဲ့ရဲ့ ထိန်းချုပ်ရေးစခန်းနဲ့ ဂျွန်ဆင်အာကာသဌာန တည်ရှိရာ တက္ကဆက်ပြည်နယ် ဟူစတန်မှာ နေထိုင်ကြတာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့အပြင်ဘက်ရှိ နိုင်ငံတကာ အာကာသစခန်းမှာ အီးမေးလ်အသုံးပြုနိုင်ရာ အာကာသယာဉ်မှူးထံသို့ အီလက်ထရောနစ် မဲလက်မှတ်ကို ပေးပို့ပြီး မဲပေးစေခဲ့ပါတယ်။

play


အမေရိကန် အာကာသယာဉ်မှူးက ကမ္ဘာမြေပြင်အထက် ၂၈၅ မိုင်အကွာ အာကာသအတွင်းမှ မဲပေးခဲ့ပြီး ၎င်းရဲ့မဲလက်မှတ်ကို လုံခြုံစိတ်ချရတဲ့ အီးမေးလ်အကောင့်ဖြင့် ကမ္ဘာမြေပြင်သို့ ပြန်လည် ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် အာကာသယာဉ်မှူးက သမ္မတရွေးကောက်ပွဲမှာ ဟီလာရီကလင်တန်နဲ့ ဒေါ်နယ်ထရန့် မည်သူ့ကို မဲပေးရွေးချယ်ခဲ့ကြောင်းကိုတော့ ပြောကြားခြင်း မရှိဘူးလို့ ဆိုပါတယ်။
Source & Photo: NASA, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ