International News: ရုပ်ရှင် စွန့်စားခန်း ရိုက်ကူးစဉ် သရုပ်ဆောင်နှစ်ဦး သေဆုံး

ရဟတ်ယာဉ်ပေါ်က ရေထဲကို ခုန်ချတဲ့ ဇာတ်ဝင်ခန်း ရိုက်ကူးနေစဉ် သေဆုံးခဲ့တာပါ။

play

 

အိန္ဒိယရုပ်ရှင်ဇာတ်ကားတစ်ခုအတွက် ဇာတ်လမ်းရိုက်ကူးနေစဉ်မှာ မင်းသားနှစ်ဦးဟာ စွန့်စားခန်းရိုက်ကူးရင်း သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

play

 

အက်ရှင်ဇာတ်ဝင်ခန်းကို ရိုက်ကူးရာမှာ ရဟတ်ယာဉ်ပေါ်က ရေထဲကို ခုန်ချတဲ့ အခန်း ရိုက်ကူးခဲ့တာဖြစ်ပြီး ရေနစ်သေဆုံးသွားတာလို့ သိရပါတယ်။ အနီကူးမားနဲ့ ရာဂေ့ဗ်အူဒေးဆိုသူ သရုပ်ဆောင်နှစ်ဦး သေဆုံးသွားခဲ့တာဖြစ်ပြီး အခြားတစ်ဦးကတော့ အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း သိရပါတယ်။

အခြားပြည်တွင်းသတင်းတွေအရ ရေနစ်နေစဉ်မှာ အသက်ကယ်လှေ အချိန်မီ မရောက်လာခဲ့တာကြောင့် သရုပ်ဆောင်တွေ သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။ အခုတော့ အဲဒီဖြစ်စဉ်ကို ရဲတပ်ဖွဲ့က  စုံစမ်းစစ်ဆေးနေပြီ ဖြစ်ပါတယ်။

play
လွတ်မြောက်လာသူ မင်းသားဗီဂျေး

 

Masthigudi ဆိုတဲ့ ဇာတ်လမ်းကို ရိုက်ကူးနေစဉ်မှာ သရုပ်ဆောင်နှစ်ဦး သေဆုံးခဲ့ရတာဖြစ်ပြီး လွတ်မြောက်လာခဲ့တဲ့ ဗီဂျေးက အဆိုပါဇာတ်လမ်းမှာ အဓိက သရုပ်ဆောင် ဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ