International News: မုဒိမ်းကျင့်ခံရလို့ ရဲသွားတိုင်တဲ့ အမျိုးသမီးကို ရဲကထပ်ပြီး အဓမ္မကျင့်

, updated

ရဲကမုဒိမ်းကျင့်တာကို ပြန်ပြောရင်သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။

play

 

သေနတ်နဲ့ ခြိမ်းခြောက်ပြီး မုဒိမ်းကျင့်ခံခဲ့ရတဲ့ အာဖဂန်နစ္စတန်က မိန်းကလေးငယ်တစ်ဦးဟာ ရဲစခန်းသွားတိုင်တဲ့ အခါမှာ ပိုပြီးတော့ ဆိုးရွားတဲ့ဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။

သူမဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက  အမျိုသားတစ်ဦးရဲ့ သေနတ်နဲ့ခြိမ်းခြောက်ခေါ်ဆောင်သွားမှုကို ခံခဲ့ရပါတယ်။ အဲဒီနေရာဟာ သူမတို့ အိမ်ရှိရာ လမ်းထဲက အိမ်တစ်အိမ်ဖြစ်ခဲ့ပြီး သေနတ်နဲ့ ခြိမ်းခြောက်ခေါ်လာတဲ့ အမျိုးသားနဲ့အတူ နောက်ထပ်အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ခဲ့တာပါ။ ဒီဖြစ်ရပ်အကြောင်း မာရီယန်လို့ ခေါ်တဲ့ အဆိုပါမိန်းကလေးဟာ ဖခင်ဖြစ်သူကို ဖွင့်ပြောခဲ့ပါတယ်။

play

 

ဖခင်က သမီးငယ်ကို ခေါ်ဆောင်ကာ နယ်မြေရဲစခန်းကိုသွားရောက်တိုင်ကြားခဲ့တာပါ။ ရဲစခန်းရောက်တဲ့အခါ ရဲအရာရှိက ဖခင်ဖြစ်သူကို အပြင်မှာ စောင့်နေဖို့ ပြောခဲ့ပြီး သူမကို ရုံးခန်းထဲမှာ မုဒိမ်းကျင့်ခဲ့တာလို့ သိရပါတယ်။ ဒီကိစ္စကို ပြန်ပြောရင် သတ်ပစ်မယ်လို့လည်း ရဲအရာရှိက ခြိမ်းခြောက်ခဲ့ကြောင်း အဆိုပါ မိန်းကလေးက ပြောကြားပါတယ်။

အာဖဂန်နစ္စတန်ဟာ ကမ္ဘာမှာမိန်းကလေးတွေအတွက် လုံခြုံမှု မရှိဆုံး နိုင်ငံတွေထဲကတစ်ခုအပါအဝင် ဖြစ်တယ်လို့လည်း သတ်မှတ်ခံထားရပါတယ်။ မုဒိမ်းမှုများစွာ ဖြစ်လေ့ရှိပေမဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက် ရဲကိုအကြောင်းကြားတာမျိုး လုပ်လေ့မရှိကြပါဘူး။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ