International News: ပိုက်ဆံအခိုးခံရပြီး စိတ်မနှံ့ဖြစ်သွားတဲ့ သားဖြစ်သူကို ၂၃ နှစ်ကြာ ပိတ်လှောင်ထားတဲ့ မိဘနှစ်ဦး

သားဖြစ်သူကို ၂၃ နှစ်ကြာ အခန်းကျဉ်းထဲမှာ ပိတ်လှောင်ထားခဲ့တာဖြစ်ပါတယ်။

play

 

တရုတ်နိုင်ငံက ဇနီးမောင်နှံနှစ်ဦးဟာ စိတ်ကျန်းမာရေးမကောင်းတဲ့ သူတို့ရဲ့ သားဖြစ်သူကို ၂၃ နှစ်ကြာ အိမ်ထဲက အခန်းကျဉ်းလေးထဲမှာ ပိတ်လှောင်ထားခဲ့ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံ ဝူဟမ်ပြည်နယ်က ရှီကောင်းအရပ်မှာ နေထိုင်တဲ့ ဇနီးမောင်နှံနှစ်ဦးရဲ့ သားဖြစ်သူ လူဇီဟာ အသက် ၁၈ နှစ်အရွယ်လောက်ကစပြီး စိတ်ကျန်းမာရေး မကောင်းဖြစ်လာခဲ့တာပါ။ အလုပ်လုပ်လို့ ရလာခဲ့တဲ့ ငွေစုစုပေါင်း စတာလင်ပေါင်  ၆၀၀ နီးပါးဟာ အခိုးခံလိုက်ရတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို ကြုံတွေ့ရာကစလို ဇီဟာ တဖြည်းဖြည်း စိတ်ကျန်းမာရေး ချွတ်ယွင်းလာခဲ့တာဖြစ်ပါတယ်။

play

 

နောက်ပိုင်းမှာ စိတ်အခြေအနေ ပိုဆိုးရွားလာခဲ့ပြီး မိဘနှစ်ပါးအပါအဝင် အခြားလူတွေကို ပိုပြီးရန်လိုလာခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လူဇီကို မြင်းဇောင်းထဲမှာပဲ ထားဖို့ မိဘနှစ်ပါး ဆုံးဖြတ်လိုက်ကြရပါတော့တယ်။

play

 

အခုတော့ အသက် ၄၁ နှစ်ခန့်ရှိပြီဖြစ်တဲ့ လူဇီဟာ ဘယ်မှသွားလို့မရအောင် သံကြိုးတွေနဲ့ တုတ်နှောင်ခံထားရတာ ဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ