International News: ငွေစက္ကူများ ရုပ်သိမ်းပယ်ဖျက်မှုကြောင့် အိန္ဒိယအမျိုးသမီး ကိုယ့်ကိုယ်ကိုယ် သတ်သေ

စုဆောင်းထားတဲ့ ငွေစက္ကူများကို ရုပ်သိမ်းပယ်ဖျက်ကြောင်း ကြေညာချက်ကို ကြားသိပြီးနောက် အမျိုးသမီးဟာ ဆောက်တည်ရာမရ စိတ်ပူပန်မှုဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေသွားပါတယ်။

play


အိန္ဒိယမှာ အစိုးရက ငွေစက္ကူအမျိုးအစား နှစ်မျိုးကို ရုပ်သိမ်းပယ်ဖျက်ကြောင်း ကြေညာလိုက်ပြီးနောက် နိုင်ငံတောင်ပိုင်းရှိ လယ်သူမတစ်ဦးဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြောင်း သိရပါတယ်။

play


အဆိုပါ အမျိုးသမီးက ငွေစက္ကူတွေ ရုပ်သိမ်းပယ်ဖျက်လိုက်မှုကြောင့် သူမ ဆင်းရဲမွဲတေသွားမှာကို စိုးရိမ်ပူပန်စိတ်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ယနေ့ (နိုဝင်ဘာ ၁၀ ရက်) ပြောပါတယ်။

ခန်ဒူကူရီ ဗင်နိုဒါ အမည်ရှိ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးက သူမထံမှာ အစိုးရက ရုပ်သိမ်းပယ်ဖျက်ကြောင်း ကြေညာလိုက်တဲ့ ရူပီး ၅၀၀ တန်နဲ့ ၁,၀၀၀ တန် ငွေစက္ကူအများအပြား စုဆောင်းထားခဲ့တာ ဖြစ်ပါတယ်။

play


အင်္ဂါနေ့ညပိုင်း (နိုဝင်ဘာ ၈ ရက်) အဆိုပါ ငွေစက္ကူတွေကို ပယ်ဖျက်ကြောင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီက အံ့အားသင့်ဖွယ် ကြေညာချက် ထုတ်ပြန်လိုက်ရာမှာ သူမအနေနဲ့ ဆောက်တည်ရာမရ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

သူမထံမှာ စုဆောင်းထားတဲ့ ငွေစက္ကူများကို ရုပ်သိမ်းပယ်ဖျက်ကြောင်း ကြေညာချက်ကို ကြားသိပြီးနောက် အဆိုပါ အမျိုးသမီးဟာ ဆောက်တည်ရာမရ စိတ်ပူပန်မှုဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေသွားကြောင်း မိသားစုက ပြောပါတယ်။

play


ဟိုက်ဒရာဘတ်မြို့ အရှေ့ဘက်ရှိ မဟာဘူဘာဘတ်မှာ နေထိုင်တဲ့ ဗင်နိုဒါဟာ ပြီးခဲ့တဲ့ လအတွင်းက လယ်ယာမြေအချို့ကို ရောင်းချခဲ့ပြီး ရူပီး ၅.၅ သန်း (အမေရိကန်ဒေါ်လာ ၈၂,၅၀၀) ကို ရူပီး ၅၀၀ နဲ့ ၁,၀၀၀ တန်များအဖြစ် စုဆောင်းထားခဲ့တာ ဖြစ်ပါတယ်။

သူမက အဆိုပါ ငွေများအနက်မှ အချို့ကို ခင်ပွန်းသည်ရဲ့ ဆေးဝါးကုသမှုအတွက် သုံးစွဲခဲ့ပြီး ကျန်ငွေများဖြင့် လယ်ယာမြေအသစ် ဝယ်ယူရန် စီစဉ်ထားခဲ့တယ်လို့ အိန္ဒိယသတင်းတွေက ဖော်ပြပါတယ်။

play


အိန္ဒိယကျေးလက်ဒေမှာ နေထိုင်သူအများစုဟာ ၎င်းတို့အရပ်ဒေသမှာ ဘဏ်တွေမရှိမှုနဲ့ အခွန်တိမ်းရှောင်လိုတာကြောင့် ငွေအများအပြားကို နေအိမှာသာ စုဆောင်း သိမ်ဆည်းထားလေ့ရှိကြောင်း သိရပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ