International News: ဇီကာဗိုင်းရပ်စ်ကာကွယ်ဆေး ကြွက်များမှာစမ်းသပ်မှု ရာနှုန်းပြည့်အောင်မြင်

ယခုစမ်းသပ်မှုရလဒ်ဟာ ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေးထုတ်လုပ်ရန် ကြိုးပမ်းနေမှုတွေအနက် အလားအလာအရှိဆုံးလို့ ဆိုပါတယ်။

play


ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေးအသစ်ကို ကြွက်များမှာစမ်းသပ်ခဲ့ရာ ဗိုင်းရပ်စ်မကူးစက်အောင် တားဆီးနိုင်ပြီး ဘေးထွက်ဆိုးကျိုးလည်း မရှိဘဲ ၁၀၀ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း အစီရင်ခံစာတစ်ခုက ဖော်ပြလိုက်ပါတယ်။

play


မျိုးဗီဇအခြေခံ ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဓာတ်ခွဲခန်းကြွက်များဖြင့် စမ်းသပ်ခဲ့ရာ ကိုယ်ခံအားစနစ်နဲ့ ဦးနှောက်ကို ဇီကာသက်ရောက်မှုမှ အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခုစမ်းသပ်မှုရလဒ်ဟာ ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေးထုတ်လုပ်ရန် ကြိုးပမ်းနေမှုတွေအနက် အလားအလာအရှိဆုံးလို့ ဆိုပါတယ်။

play


အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားရှိ Wistar Institute ဓာတ်ခွဲခန်းမှာ စမ်းသပ်မှုပြုလုပ်ခဲ့တာဖြစ်ပြီး အစမ်းသပ်ခံ ကြွက်အားလုံးဟာ ဇီကာကူးစက်ခံရမှု မရှိခဲ့ကြောင်း သိရပါတယ်။ ဘရာဇီးနိုင်ငံမှာ အဆိုးဆုံး ကူးစက်ပျံ့နှံ့ခဲ့တဲ့ ဇီကာဗိုင်းရပ်စ်ဟာ ယခုအခါမှာ အာရှဒေသမှာ ပျံ့နှံ့လာမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ပြောကြားထားပါတယ်။
Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ