International News: ချီလီ ခရီးသည်တင်လေယာဉ် ဗုံးခြိမ်းခြောက်မှုကြောင့် အရေးပေါ် ဆင်းသက်ရ

စန်တီယာဂိုမှ ထွက်ခွာပျံသန်းလာပြီး မိနစ် ၂၀ ခန့်အကြာမှာ ဘရာဇီးအမျိုးသမီး ခရီးသည်က လေယာဉ်ပေါ်မှာ ဗုံးပါလာကြောင်း ပြောခဲ့ပါတယ်။

play
LATAM လေကြောင်းလိုင်း လေယာဉ်တစ်စီး


ချီလီနိုင်ငံ စန်တီယာဂိုမြို့မှ တောင်ပိုင်းရှိ ပွန်တာအေရီနက်စ်မြို့ကို ပျံသန်းတဲ့ လေယာဉ်တစ်စီးပေါ်မှာ ဗုံးပါလာကြောင်း ခြိမ်းခြောက်မှုကြောင့် စန်တီယာဂိုသို့ ပြန်လှည့်ပြီး အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

ယမန်နေ့ (နိုဝင်ဘာ ၁၀ ရက်) မွန်းလွဲပိုင်းက LATAM လေကြောင်းလိုင်းမှ လေယာဉ်ဟာ စန်တီယာဂိုမှ ထွက်ခွာပျံသန်းလာပြီး မိနစ် ၂၀ ခန့်အကြာမှာ ဘရာဇီးအမျိုးသမီး ခရီးသည်က လေယာဉ်ပေါ်မှာ ဗုံးပါလာကြောင်း လေယာဉ်အမှုထမ်းတစ်ဦးကို ပြောခဲ့တယ်လို့ လေဆိပ်မန်နေဂျာ ဂျူအန်လူးဝစ်ရိုဒရီဂွက်ဇ်က ဆိုပါတယ်။

play


လေယာဉ်ကို စန်တီယာဂို လေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ပြီးနောက် ဗုံးပါလာကြောင်း ပြောကြားခဲ့တဲ့ အမျိုးသမီးကို ဖမ်းဆီးလိုက်ပြီး တာဝန်ရှိသူတွေက လေယာဉ်ပေါ်မှာ စစ်ဆေးရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

LATAM လေကြောင်းလိုင်းကတော့ ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး လေကြောင်းပျံသန်းမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ စောင့်ထိန်းရမယ့် အခြေအနေတွေကြောင့် မှတ်ချက်တစ်စုံတရာ မပေးနိုင်ကြောင်း ပြောပါတယ်။
Source & Photo: Reuters, Googel Maps

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ