International News: အမေရိကန်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နားလည်ပုံမရတဲ့ ဒေါ်နယ်ထရန့်

, updated

လွတ်လပ်စွာ ပြောဆိုခွင့်ကို သူက ဝေဖန်ခ့တာပါ။

play

 

အမေရိကန်ရဲ့သမ္မတအဖြစ် ဒေါ်နယ်ထရန့်ကို ရွေကောက်လိုက်ပြီးတဲ့နောက် ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခြင်းနဲ့ ပတ်သက်ပြီး ဒေါ်နယ်ထရန့်က မကျေမနပ်နဲ့ တွစ်တာမှာ ရေးသားခဲ့တာကို ကြည့်ခြင်းအားဖြင့် သူဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုတောင် နားမလည်ဘူးလို့ လက်ညှိုးထိုးစရာ ဖြစ်လာပါတယ်။

"အရမ်းကို ပွင့်လင်းပြီး အောင်မြင်တဲ့ သမ္မတရွေးကောက်ပွဲ ဖြစ်ခဲ့တယ်။ အခုတော့ မီဒီယာတွေရဲ့ လှုံ့ဆော်မှုနဲ့ ဆန္ဒပြမှုတွေဖြစ်တယ်။

တော်တော် မတရားတာပဲ" လို့ ဒေါ်နယ်ထရန့်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။

အမေရိကန်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူတွေအနေနဲ့ ခံယူချက်ကို လွတ်လပ်စွာ ပြောကြားခွင့်နေပေမဲ့ ထရန့်က သူ့ရဲ့ ရွေးကောက်ပွဲအောင်မြင်မှုကို ဆန္ဒပြတာတွေဟာ မီဒီယာတွေရဲ့လှုံ့ဆော်မှုလို့ စွပ်စွဲထားပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မီဒီယာဆိုတာကလည်း ဒီလိုပွဲမျိုးတွေအတွက် လွတ်လပ်စွာ ရေးသားဖော်ပြခွင့်ရှိပါတယ်။

ရွေးကောက်ပွဲအနိုင်ရ သမ္မတလောင်းက မတရားဘူးဆိုတဲ့ စကားကို သုံးလိုက်ခြင်းကာ ဖွဲ့စည်းပုံအခြေခံဥ့ဒေကို နားမလည်လို့လို့ ဆိုရှယ်မီဒီယာပေါ်မှာ ထောက်ပြခဲ့ကြပါတယ်။

play

 

"@realDonaldTrump..ကျွန်တော်တို့က အမေရိကန်တွေပါ။ ကျွန်တော်တို့မှာ ဆန္ဒပြခွင့်ရှိတယ်။ ဒါ မတရားတာမဟုတ်ဘူး။ ဖွဲ့စည်းပုံ အခြေခံဥပေဒမှာ ပါတယ်" လို့ billy eichner ဆိုတဲ့ တွစ်တာအကောင့်ပိုင်ရှင်က ရေးသားထားပါတယ်။

ထိုနည်းတူစွာ လူအများအပြားက ဆန္ဒပြခြင်းဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်ကြောင်း  ဒေါ်နယ်ထရန့်ကို ပြောဆိုကြပါတယ်။

ှSource & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ