International News: တောင်ကိုရီးယားသမ္မတ နုတ်ထွက်ရန် ပြည်သူသိန်းနဲ့ချီ ဆန္ဒပြ

သမ္မတက သူငယ်ချင်းဖြစ်သူကို နိုင်ငံရေးကိစ္စတွေမှာ ပါဝင်စွက်ဖက်ခွင့်ပြုခဲ့တဲ့ အရှုပ်အထွေး ပေါ်ပေါက်ခဲ့ပြီးနောက် သမ္မတရဲ့သူငယ်ချင်းနဲ့ အထောက်အကူပြု အဖွဲ့ဝင်နှစ်ဦကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

play


တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ပြည်သူသိန်းနဲ့ချီ စုရုံးပြီး သမ္မတပတ်ဂွန်ဟေး ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုဆန္ဒပြမှု ထပ်မံ ပြုလုပ်ခဲ့ကြပါတယ်။

play


ယမန်နေ့ (နိုဝင်ဘာ ၁၂ ရက်) က ဆိုးလ်မြို့မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့ဝင် အများအပြား ချထားပြီး သမ္မတနန်းတော်ကို ချီတက်သွားရောက်ခြင်း မပြုနိုင်ရန် တားမြစ်ခဲ့ကြပါတယ်။

play


သမ္မတပတ်ဂွန်ဟေးက သူငယ်ချင်းဖြစ်သူ ချိုဆွန်ဆေးလ်ကို နိုင်ငံရေးကိစ္စရပ်တွေမှာ ပါဝင်စွက်ဖက်ခွင့်ပြုခဲ့မှုကြောင့် တောင်ကိုရီးယားနိုင်ငံရေး အရှုပ်အထွေး ပေါ်ပေါက်လာပြီး ပြည်သူတွေက သမ္မတနုတ်ထွက်ရန် ဆန္ဒပြလာခဲ့တာ ဖြစ်ပါတယ်။

play


စနေနေ့ ဆန္ဒပြပွဲကို စီစဉ်သူတွေရဲ့ အဆိုအရ ပြည်သူပေါင်းတစ်သန်းအထိ ပါဝင်ခဲ့ကြောင်း ပြောကြားခဲ့ပြီး ရဲတပ်ဖွဲ့က ဆန္ဒပြသူ ၂၆၀,၀၀၀ ဖြစ်ကြောင်း ဆိုပါတယ်။

play


သမ္မတက သူငယ်ချင်းဖြစ်သူကို နိုင်ငံရေးကိစ္စတွေမှာ ပါဝင်စွက်ဖက်ခွင့်ပြုခဲ့တဲ့ အရှုပ်အထွေး ပေါ်ပေါက်ခဲ့ပြီးနောက် သမ္မတရဲ့သူငယ်ချင်းနဲ့ အထောက်အကူပြု အဖွဲ့ဝင်နှစ်ဦကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

play


ဒါ့အပြင် တောင်ကိုရီးယားမှ ဆမ်ဆောင်းနဲ့ ဟွန်ဒိုင်းအပါအဝင် စီးပွားရေးလုပ်ငန်ကြီးတွေကိုလည်း စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ