International News: နယူးဇီလန်မှာ နာရီပိုင်းသာခြားပြီး အင်အားပြင်းငလျင်များ လှုပ်ခတ်

ထပ်မံလှုပ်ခတ်တဲ့ ငလျင်တွေဟာ ပထမငလျင်ကြီး လှုပ်ခတ်ခဲ့ရာ ခရစ္စချာ့ခ်ျမြို့အနီးမှာပင် ဗဟိုပြုလှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

play


နယူးဇီလန်မှာ နိုဝင်ဘာ ၁၃ ရက် သန်းခေါင်ယံက ပြင်းအားအဆင့် ၇.၈ ရစ်ခ်ျတာစကေးရှိ အင်အားပြင်းထန်လွန်းတဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ပြီးနောက် နာရီပိုင်းအကြာမှာ ယနေ့ နိုဝင်ဘာ ၁၄ ရက်အထိ ပြင်းအားအဆင့် ၆.၅၊ ၆.၂ နဲ့ ၆.၅  အဆင့်ရှိ ငလျင်သုံးခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း U.S. Geological Survey ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။

play


အစောပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ထပ်မံလှုပ်ခတ်တဲ့ ငလျင်တွေဟာ ပထမငလျင်ကြီး လှုပ်ခတ်ခဲ့ရာ ခရစ္စချာ့ခ်ျမြို့အနီးမှာပင် ဗဟိုပြုလှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

play


ငလျင်လှုပ်ခတ်မှုများ ဖြစ်ပေါ်ပြီးနောက် ဆူနာမီရေလှိုင်းများ တက်ရောက်လာမှုကြောင့် နယူးဇီလန်အာဏာပိုင်တွေက အရှေ့ဘက်ကမ်းရိုးတန်းရှိ ဒေသခံတွေကို ရွှေ့ပြောင်းမှုတွေ ပြုလုပ်ခဲ့ရပါတယ်။

play


ငလျင်ကြီးနှစ်ခု လှုပ်ခတ်ပြီးနောက်ပိုင်း နောက်ဆက်တွဲ ငလျင်ငယ်များ ရာနဲ့ချီလှုပ်ခတ်ခဲ့ပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနဲ့ ရေပြတ်လပ်မှုတို့ ကြုံတွေ့နေရကြောင်း သိရပါတယ်။

play


ယခု ငလျင်များ လှုပ်ခတ်ခဲ့တဲ့ ခရစ္စချာ့ခ်ျမြို့မှာပင် ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းက အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး လူ ၁၈၅ ဦး သေဆုံးခဲ့ရပါတယ်။
Sourec & Photo: USGS, AFP, Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ