International News: ထရန့်အနိုင်ရပြီးနောက် အမေရိကန်မှ သေနတ်ဝယ်ယူရန် ဖိလစ်ပိုင်သမ္မတ ပြန်လည်ညွှန်ကြား

သမ္မတဒူတာတေး မည်သည့်အတွက် သဘောထားပြောင်းလဲသွားကြောင်း ရဲချုပ် ဒီလာရိုဆာက မပြောကြားခဲ့ပေမဲ့ ဝါရှင်တန်မှာ သမ္မတသစ်ဖြစ်လာပြီး ဒူတာတေးနဲ့ ထရန့်ဟာ မိတ်ဆွေတွေဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

play
ဖိလစ်ပိုင်သမ္မတ ဒူတာတေး


ဖိလစ်ပိုင်ရဲတပ်ဖွဲ့အတွက် အမေရိကန်ထံမှ ချေမှုန်းရေးရိုင်ဖယ် ၂၆,၀၀၀ ဝယ်ယူသွားမယ့် အစီအစဉ်ကို ပြန်လည် လုပ်ဆောင်သွားမယ်လို့ ဖိလစ်ပိုင်ရဲချုပ်က ယနေ့ (နိုဝင်ဘာ ၁၄ ရက်) ပြောကြားလိုက်ပါတယ်။ အစောပိုင်းက အမေရိကန်မှ သေနတ်များဝယ်ယူမယ့် အစီအစဉ်ကို ဖျက်သိမ်းရန် ညွှန်ကြားထားကြောင်း ဖိလစ်ပိုင်သမ္မတဒူတာတေးက ပြောကြားထားပါတယ်။

play
ဖိလစ်ပိုင်ရဲချုပ် ဒီလာရိုဆာ


အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီမှ ဒေါ်နယ်ထရန့် အနိုင်ရရှိခဲ့ပြီးနောက် ဖိလစ်ပိုင်သမ္မတဒူတာတေးရဲ့ အမေရိကန်အပေါ် သဘောထား ပြောင်းလဲလာတာလည်း ဖြစ်ပါတယ်။ အစောပိုင်းက အမေရိကန်နဲ့ ဖိလစ်ပိုင် သဘောတူညီထားမှုတွေကို အဆုံးသတ်ပြီး အမေရိကန်စစ်သားတွေကို ဖိလစ်ပိုင်မှထွက်ခွာစေလိုကြောင်းလည်း ဒူတာတေးက ပြောခဲ့ဖူးပါတယ်။

play
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့သည့် ဒေါ်နယ်ထရန့်


သမ္မတဒူတာတေးက အမေရိကန်မှ သေနတ်များဝယ်ယူမယ့် အစီအစဉ်ကို ဆက်လက် ဆောင်ရွက်ရန် ၎င်းကို ပြောကြားခဲ့ကြောင်း ဖိလစ်ပိုင်ရဲချုပ် ဒီလာရိုဆာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ သေနတ်များဝယ်ယူမယ့် စာရွက်စာတမ်း ဆောင်ရွက်မှုများ ပုံမှန်ဆက်လက် လုပ်ဆောင်နေကြောင်းနဲ့ သမ္မတက အမေရိကန်ထံမှ သေနတ်ဝယ်ယူရန် ဆက်လက် ဆောင်ရွက်စေခြင်းအပေါ် ဝမ်းမြောက်မိကြောင်းလည်း ရဲချုပ်က ဆိုပါတယ်။

သမ္မတဒူတာတေး မည်သည့်အတွက် သဘောထားပြောင်းလဲသွားကြောင်း ရဲချုပ် ဒီလာရိုဆာက မပြောကြားခဲ့ပေမဲ့ ဝါရှင်တန်မှာ သမ္မတသစ်ဖြစ်လာပြီး ဒူတာတေးနဲ့ ထရန့်ဟာ မိတ်ဆွေတွေဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ