International News: ရုရှားက အီရန်ကို ဒေါ်လာ ၁၀ ဘီလီယံ တန်ဖိုးရှိ စစ်လက်နက်များရောင်းရန် စီစဉ်

ကာကွယ်ရေးနဲ့ လုံခြုံရေးရာကော်မတီဥက္ကဋ္ဌ ဗစ်တာအိုဇာရော့ဗ်က လက်နက်အရောင်းအဝယ်ကိစ္စနဲ့ ပတ်သက်ပြီး အီရန်သို့ လွှတ်တော်ခရီးစဉ် သွားရောက်ခဲ့မှုအတွင်း ဆွေးနွေးခဲ့ကြောင်း သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။

play
ဗစ်တာအိုဇာရော့ဗ်


ရုရှားနဲ့ အီရန် နှစ်နိုင်ငံကြား အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ တန်ဖိုးရှိတဲ့ လက်နက်အရောင်းအဝယ်ကိစ္စကို ဆွေးနွေးနေကြောင်း ရုရှား ထိပ်တန်းလွှတ်တော် အမတ်တစ်ဦးက ပြောကြားပါတယ်။

play
ရုရှားနိုင်ငံထုတ် T-90 တင့်ကား


ရုရှားက အီရန်ကို T-90 တင့်ကားများ၊ အမြောက်များ၊ လေယာဉ်များနဲ့ ရဟတ်ယာဉ်များ ရောင်းချသွားရန် အစီအစဉ်ရှိကြောင်း လွှတ်တော်အမတ်ကို ကိုးကားပြီး RIA သတင်းက ဖော်ပြပါတယ်။

play


ရုရှားအထက်လွှတ်တော် ကာကွယ်ရေးနဲ့ လုံခြုံရေးရာကော်မတီဥက္ကဋ္ဌ ဗစ်တာအိုဇာရော့ဗ်က လက်နက်အရောင်းအဝယ်ကိစ္စနဲ့ ပတ်သက်ပြီး အီရန်သို့ လွှတ်တော်ခရီးစဉ် သွားရောက်ခဲ့မှုအတွင်း ဆွေးနွေးခဲ့ကြောင်း သတင်းထောက်များကို ပြောပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ