International News: ရှော့ပင်းမောမှာ လှောင်ပိတ်ခံထားရတဲ့ ပိုလာဝက်ဝံကြီး မိဘတွေနဲ့ပြန်ဆုံရလေပြီ

ပီဇာရဲ့ လွတ်မြောက်ခွင့်အတွက် အွန်လိုင်းကနေ လက်မှတ်ထိုးတောင်းဆိုသူပေါင်း ၁ သန်းကျော် ရှိခဲ့ပါတယ်။

play

ပီဇာကို ကမ္ဘာ့ စိတ်မကောင်းစရာအကောင်းဆုံး ပိုလာဝက်ဝံအဖြစ်နဲ့ သိကြပါတယ်။ ဝင်ရိုးစွန်းဒေသတွေမှာ နေရမယ့်အစား တရုတ်ရှော့ပင်းမောတစ်ခုက လှောင်ချိုင့်ထဲမှာ လူတွေအလှကြည့်ဖို့ ပြသခံထားရသူပါ။

play

 

လှောင်ချိုင့်ထဲမှာ အထီးကျန်စွာနေခဲ့ရတဲ့ ပီဇာဟာ သူ့မိဘတွေရှိရာ တရုတ်မြောက်ပိုင်းက အဏ္ဏဝါဥယျာဉ်ကို ပြန်ပို့ဖို့ အာဏာပိုင်တွေက အမိန့်ပေးလိုက်ကြောင်း သိရပါတယ်။ ပီဇာနေထိုင်ရတဲ့ နေရာလေးက ပိုလာဝက်ဝံတစ်ကောင်အတွက် အရမ်းကိုကျဉ်းလွန်းတာကြောင့် ပြန်လည်ပြုပြင်ဖို့ အာဏာပိုင်တွေ ပြောခဲ့တာပါ။ ဒီအတောအတွင်းမှာ ပီဇာကို အဏ္ဏဝါဥယျာဉ်မှာ ယာယီပြောင်းထားမှာဖြစ်ပေမဲ့ ရာသက်ပန်နေခွင့်ရဖို့ကိုလည်း လူတွေက ဆန္ဒပြုနေကြပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ