International News: ရုရှားတိုက်လေယာဉ် မြေထဲပင်လယ်အတွင်း ပျက်ကျ

MiG-29 တိုက်လေယာဉ်ဟာ လေယာဉ်တင်သင်္ဘောနဲ့ မိုင်အနည်းငယ်အကွာမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

play


ရုရှားလေတပ်မှ တိုက်လေယာဉ်တစ်စီး မြေထဲပင်လယ်အတွင်း ပျက်ကျခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ MiG-29 တိုက်လေယာဉ်ဟာ မြေထဲပင်လယ်အတွင်းရှိ Admiral Kuznetsov လေယာဉ်တင်သင်္ဘောပေါ်ကို ဆင်းသက်စဉ် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

play


လေယာဉ်ပျက်ကျမှုအတွင်း လေယာဉ်မှူးမှာ  အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ အဆိုပါ လေယာဉ်တင်သင်္ဘောမှ ရုရှားတိုက်လေယာဉ်တွေဟာ ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ရှိ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်နေကြောင်း NATO အဖွဲ့က ပြောကြားထားပါတယ်။

play


ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ အဆိုအရ တိုက်လေယာဉ်ဟာ လေ့ကျင့်ပျံသန်းမှု ပြုလုပ်စဉ် နည်းပညာဆိုင်ရာ ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့ကြောင်း သိရပါတယ်။ MiG-29 တိုက်လေယာဉ်ဟာ လေယာဉ်တင်သင်္ဘောနဲ့ မိုင်အနည်းငယ်အကွာမှာ ပျက်ကျခဲ့ပြီး လေယာဉ်မှခုန်ထွက် လွတ်မြောက်ခဲ့တဲ့ လေယာဉ်မှူးကို ကယ်ဆယ်ရေးအဖွဲ့က သွားရောက်ကယ်ဆယ်နိုင်ခဲ့ပါတယ်။

တိုက်လေယာဉ်မှူးဟာ အန္တရာယ်ရှိတဲ့ ထိခိုက်မှုမဖြစ်ခဲ့ဘဲ လေယာဉ်မောင်းနှင်ရန် အသင့်အနေအထားဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ